အပိုင်း (၂၁)

2.4K 282 45
                                    

(Unicode)

အပိုင်း (၂၁)

သစ်သား ဘူးထဲကို နေ့လည်စာအပြင် အခြားသော အခြောက်အခြမ်းတွေကို ဘူးကိုယ်စီနဲ့ ထုတ်ပိုးနေသည့် ဂျွန့်မေမေ။

မနက်ထဲက မီးဖိုချောင်ထဲ ကြော်လှော်ချက်ပြုတ်နေရခြင်းသည် သားဖြစ်သူကို သွားတွေ့မလို့ ဖြစ်သည်။

' အဲ့ဒါ ဘာတွေလဲ '

မျက်မှန် တစ်လက်ကို လည်ပင်းမှာ ချိတ်ရင်း ထိုင်ခုံမှာ ဝင်ထိုင်သည့် ဂျွန့်ဖေဖေ။

' သားလေးဆီသွားမလို့လေ ကြာပြီမဟုတ်လား။ '

' မသွားရဘူး ဆမ်။ ဘယ်လောက်မှ မရှိသေးတာကို မင်းကတော့။ '

ကိုယ့်သားကိုယ် သားတွေ့ချင်တာကိုတောင် လိုက်ပိတ်ပင်နေသည့် အမျိုးသားကို မကြည်တော့တာမို့ မျက်စောင်း ထိုးလိုက်သည်။

' သွားမှာ။ အဆင်ပြေပြေ ရှိနေရဲ့လား ဆိုတာကိုတော့ သိချင်တာပေါ့။ သားက ဖုန်းဆက်လည်း မကိုင်.. စာပို့လည်း မကြည့်နဲ့လေ။ '

' အဲ့လိုဆိုလည်း သေချာနေနေရဲ့လားဆိုတာ ကြည့်ခဲ့။ '

' ကျမသားပဲဟာ သေချာပေါက် အဆင်ပြေနေမှာပါ ကျမက စိုးရိမ်တတ်လို့သာ။ '

' အဲ့ဒါကို ပြောတာ မဟုတ်ဘူး။ ခိုးတွေ့နေလားဆိုတာကို သေချာကြည့်ခဲ့လို့။ အဲ့ကောင်က ပြောမရဘူး။ '

လက်ထဲက ကိုင်ထားတဲ့ ပစ္စည်းတွေအားလုံးကို စားပွဲပေါ် ပြန်ချလိုက်ရသည်။

' သားက သဘောကျတဲ့လူမလား။ နည်းနည်းလောက် ဖြည့်တွေးပေးလို့- '

' ဆမ်။ မင်းက အဲ့လိုကာနေလို့ သားက ဆိုးနေတာ။ လုံးဝ သဘောမတူဘူး ဆိုတာပဲ မှတ်ထား။ ကိုယ် ဇွတ်စီစဉ်တာ မခံချင်ရင် သားကို သေချာ နားချ။ '

ပြောချင်ရာ ပြောပြီး ထွက်သွားသည့် ယောကျာ်း ဖြစ်သူကို ကြည့်ကာ ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ဖုန်းကို ထုတ်ပြီး သားကို ဆက်တော့ မကိုင်။

နောက်တစ်ခါ ထပ်ခေါ်တော့

' Hello '

မျက်လုံးတွေကို မှိတ်ချလိုက်သည်။ မျက်ရည်တွေတောင် လည်လာရသည်။ ဒီအသံက သားမှ မဟုတ်ဘဲ။

UNTIL {Completed}Where stories live. Discover now