အပိုင်း (၂၇)

2.2K 282 52
                                    

(Unicode)

အပိုင်း (၂၇)

' ကျနော့်ရဲ့ Main Character ကရော အခုထိ မရောက်သေးတာလား? '

ထိုအခါမှ ဝူပီဒီဟာ သဘောပေါက်ကာဖြင့် ခပ်ကျဉ်းကျဉ်း မျက်လုံးတွေကို မှိတ်ချကာ ရယ်သည်။

' ရောက်လာမှာပါ။ ကျနော် ခုနကပဲ ဆက်သွယ်ထားပါသေးတယ်။ '

ခေါင်းညိတ်လိုက်သည်။ စောင့်ရုံပေါ့။

.

ခြောက်နာရီတိတိမှာ နိုးလာတဲ့ အသိစိတ်။ မျက်ခွံတွေကို ဖွင့်လိုက်ရင်း ပြင်ဆင်ဖို့ တစ်ဖက် လှိမ့်ကာ အကြောဆန့်လိုက်တော့

*ဂျွတ်!*

ဒီအသံက!

တံတောင်ဆစ်နေရာက ခပ်စူးစူး အရာကြောင့် ကြည့်လိုက်တော့ အမြင်က ဝါးတားတား

တစ်ခုခု ကျိုးသွားတာ..

မျက်မှန်ကို လိုက်ရှာတော့ စမ်းမိတဲ့ မျက်မှန်ကိုင်းဟာ သူ့တံတောင်ဆစ်နားက ကျိုးပဲ့နေသော အရာ။

မှန်စတွေကို လက်နဲ့ အသာစမ်းပြီး ထထိုင်လိုက်သည်။ ဘာမှ မမြင်ရဘူး။ ဘယ်လိုမှ အဲ့မှန်စတွေကို ရှင်းလင်းနိုင်မှာ မဟုတ်ဘူး။

တကယ် မမြင်ရတာ ဖြစ်သည်။ ညဘက်ဆို မျက်ကပ်မှန်က ချွတ်ရတာမို့ မအိပ်ခင်ဆို မျက်မှန်ကိုသာ သုံးလေ့ရှိသည်။ သုံးရာနား နီးတော့မယ့် သူ့အမြင်အာရုံသည် မျက်မှန် မပါလျှင် ဆိုးဝါးလွန်းသည်။

ပုံမှန်ဆို ဘေးက စားပွဲမှာ ထားမိပေမဲ့ မနေ့ညက အလုပ်လုပ်ကာ ပင်ပန်းပြီး ဘေးမှာ ချထားခဲ့မိတာ။ အဲ့လိုက အခုကျ ဖိချမိလိုက်တာပဲ။

မနက်အတွက် ဆိုပြီး အသင့်ထုတ်ထားသည့် အဝတ်အစားတွေကို ဂရုတစိုက် ဝတ်လိုက်သည်။ မှန်ရှေ့က မျက်ကပ်မှန် ဘူးသေးသေးတွေကလည်း ဆင်တင်တင်မို့ ဘယ်ဘူးဟာ ဘယ်အရောင်မှန်း မှန်းဆ၍ မရ။

ပျော့ပြောင်းနေသည့် ဆံပင်တွေကို လက်ချောင်းတွေနဲ့သာ ထိုးဖွပြီး သရေအိတ်ကို ယူလိုက်သည်။ ခပ်ဝါးဝါး လမ်းကို ဖြေးဖြေးချင်း လျှောက်ပြီး တက်စီကို ငှားရသည်။ အချိန်က ဘယ်လောက်မှန်းတောင် သူမသိတော့ဘူး။

UNTIL {Completed}Where stories live. Discover now