အပိုင်း (၃၁)

3.5K 298 88
                                    

(Unicode)

အပိုင်း (၃၁)

' နောက်ကျသွားပြီ ဦး။ '

' ကိုယ်အကောင်းပြောနေတာ ဂျုံးကု။ '

' နောက်နေတယ်ထင်လို့လား? တကယ်တော့ ခင်ဗျားဆီက ဘာအလေးပေးမှုမှကို မရခဲ့တာ။ ရန်ဖြစ်တယ် ပြန်အဆင်ပြေသွားတယ် ထပ်ပြီး ရန်ဖြစ်တယ်။ ဒီလိုပဲ လည်ပတ်နေခဲ့တာ။ ဦးဆီက အချစ်ကို ကျနော် မခံစားရဘူး မမြင်ရဘူး ဒါက ကျနော့်အတွက် မလုံလောက်ဘူး။ '

တကယ် ပြန်ပြီး တူးဆွ မနေချင်တာ
ကင်ထယ်ဟျောင်း။

' ဒါက ကိုယ်တို့ရဲ့ အဆုံးထင်တယ် '

' လွန်ခဲ့တဲ့ သုံးနှစ်ထဲက ပိတ်ပစ်လိုက်တဲ့ အဆုံးပဲ '

' ကြိုးစားကြည့်နေတာ.. ဒီခြေထောက်တွေက အတန်းချိန်ထဲက ထွက်ဖို့ဆို သိပ်ခက်တယ်၊ ဒီလက်တွေကလည်း အချိန်မဟုတ် အခါမဟုတ် အိုးလုပ်နေဖို့ မဟုတ်ဘူး၊ မိုးရေထဲ ထွက်ရတာ ကိုယ်မကြိုက်ဆုံး အရာပဲ။ '

' မသိရင် ခင်ဗျားကပဲ ပေးဆပ်နေရတဲ့ လူလိုပါလား '

' ကန့်လန့်ပဲ တိုက်နေမယ်ဆို ကိုယ်တို့ ပြေလည်လာမှာ မဟုတ်ဘူး အချစ်... '

ဘာကိုမှ စိတ်မဝင်စားတဲ့ ကိုယ်က မင်းအကြိုက် လိုက်ပြင်ပေးနေတာ။ တကယ် အဲ့လို လိုက်လုပ်ပေးနေတာ။

မျက်နှာကို သပ်ချပြီး ပြောသည့် ဦးဟာ သိပ်ကို မွမ်းကြပ်ပုံရပါတယ်။ ကျနော်နဲ့ ပတ်သက်တိုင်း ထိုသို့ ပုံစံဖြင့် စိတ်ရူပ်တတ်သည်။

' သုံးနှစ်လုံး လာမတွေ့ဘဲ အခုမှ ချက်ချင်းလက်ငင်း လာကပ်နေတာက ဘာကြောင့်လဲ? ခင်ဗျား လိုချင်တဲ့ နေရာကို ရောက်နေလို့ အဆင်ပြေတယ် တွေးလိုက်တာလား?

သုံးနှစ်လုံး ကျနော်မဟုတ်တဲ့ ပတ်ဘိုဂမ်နဲ့ကြ အတူရှိပြီးတော့လေ?

' အမေးတွေပဲ ဦး ! ဒီခေါင်းထဲ အမေးတွေက အထပ်လိုက်ပဲ ကျနော်ဆိုတာ ခင်ဗျားရဲ့ ဖိနပ်ကြိုးလေး ပြေရင်တောင် စိတ်ဝင်တစား ရှိပြီး ခင်ဗျား ဆံပင်လေးတွေ ရှည်နေတောင် သတိထားမိတာမျိုး။ ခင်ဗျားမျက်လုံးလေးတွေမှာ ခဲရောင်တွေ မဟုတ်ဘဲ မျက်မှန်တစ်လက်က နေရာယူချိန် ဘာလို့လဲ ဆိုပြီး မေးချင်မိတာမျိုး။

UNTIL {Completed}Where stories live. Discover now