အပိုင်း (၉)

3.2K 380 12
                                    

(Unicode)

အပိုင်း (၉)

တစ်ခွက်ပြီး တစ်ခွက် သောက်နေတာမို့ အဲ့လက်ကောက်ဝတ်ကို ဇက်ခနဲ ဆွဲလိုက်သည်။

တော်သင့်ပြီလေ။ တော်တော့လေ။

' ခင်ဗျား များနေပြီနော် ! '

ညာလက်ကို ဆွဲတော့ ဘယ်လက်နဲ့ ယူသောက်သည်။ တကယ်ပဲ ဒီလူက !

ဘာလာလုပ်မှန်းကို မသိတာ။ ဒေါသထွက်လို့ဆိုလည်း အခုဆို ပြေပြီမလား။ အိမ်ပြန်ရမယ်လေ။ တော်တော် မိုးချုပ်နေပြီ။ ခဏတိုင်း ကြားနေရတဲ့ ဖုန်းသံကြောင့် နားလည်း ကွဲတော့မယ်။

ဒါကို အခုထိ မကိုင်နိုင်သေးဘူး။

ထပ်မြည်လာပြန်ပြီ။

' ပေး ! ကျနော်ကိုင်မယ် ! '

ဦးဘက်မှာ ချထားသည့် ဖုန်းကို ဇက်ခနဲ ယူပြီး ဖြေဖို့လုပ်တော့ လိုက်တားပြန်သည်။ သူ့ဘာသူကြ မဖြေဘဲလေ။

' မကိုင်ဘူးလို့ ကိုယ်အေးဆေးနေပါရစေ ! '

ဘယ်လောက်ပဲ ဒေါသထွက်ကာ အော်ပြောနေပါစေ ဦးဟာ သူ့ကိုယ်သူ "ကိုယ်" လို့သာ သုံးသည်။

အဲ့လို ပြောတိုင်း ရုတ်တရက်ဆို အာရုံကြောတွေက တုန့်ဆိုင်းကုန်တာ။

ဖုန်းကို ရသွားတော့ ဦးက သူ့ဆံပင်တွေကို ထိုးဖွဖို့လုပ်သည်။ ချက်ချင်း ဂျုံးကု အဲ့လက်ကို ပုတ်ချပစ် လိုက်သည်။

ဒါက လူတိုင်းအပေါ် ပြုမူတဲ့ အပြုအမူ မလား။ မကြိုက်ဘူး။

' ကိုယ်နာသွားပြီနော် '

မူးနေပြီ။ ဒီလူ မူးနေပြီပဲ။

အသာလေး ပုတ်ထုတ်လိုက်တဲ့ လက်ကို သွေးထွက်လို့ နာသလို အုပ်ကိုင်ပြီး ပြောလာတာ။

' အဲ့လောက်နာသွားလို့လား.. '

လက်ကိုအုပ်ကိုင်ပြီး အကြိုက် ပြော‌ပေးတော့ ပြုံးသည်။ မကြည်ကြည့် ကြည့်တော့။

"ကိုယ့်ကို သိပ်ပြီး သဘောမကျနဲ့။"တဲ့

တာဝန်ယူမှု တာဝန်ခံမှုကို မရှိတဲ့ လူ။ သူပဲ လူကို အာရုံစိုက်အောင် လုပ်ခဲ့ပြီးတော့။

UNTIL {Completed}Where stories live. Discover now