အပိုင်း (၂)

5K 492 15
                                    

(Unicode)

အပိုင်း (၂)

စိတ်တိုတိုနဲ့ အိမ်တံခါးကို ဆောင့်ဖွင့်လိုက်တော့ အထဲက ထွက်လာတဲ့ ဂျီဂျီ(ဂျီမင်း)နဲ့ ဆုံသည်။

' ရားး ! ဂျွန်ဂျုံးကု ! '

အလန့်တကြား အော်လာတဲ့ အသံ။

အတွင်းဘက်ကို တွန်းဖွင့်ရတဲ့ တံခါး ပုံစံရှိတာကြောင့် အထဲက ထွက်လာ‌တော့မည့် ဂျီမင်းမျက်နှာ မစုတ်ပျက် သွားတာပင်ကို ကျေးဇူးတင်မိသည်။

နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်မိတော့ ဆူငေါက်သံ စူးစူးက နားစည်ထဲကို အလုံးလိုက် အရင်းလိုက်။

' ဟယ် ကလေးတွေ။ ဆူဆူညံ့ညံ့နဲ့ကွယ် ဘာဖြစ်ကြတာတုန်း '

' ဂျွန်ဂျုံးကုလေ တံခါးကို ဆောင့်ဖွင့်တာ ကျနော့်နဖူးကွဲတော့မလို့ ! '

ငယ်ငယ်ထဲက နှစ်အိမ်တစ်အိမ်လို နေလာကြတဲ့ လူတွေမို့ မေမေနဲ့ ဂျီဂျီက သိပ်ရင်းနှီးသည်။ အသက်သာ ကြီးလာတယ် အခုထိ ကလေးလို မေမေ့ကို တိုင်တောတတ်တုန်း။

' အိုကွယ် ဒီကလေးတွေကတော့ ဂျုံးကုလေး မင်းကလည်း သတိထားမှပေါ့ကွယ် သူများ သားသမီး နဖူးကွဲမှဖြင့် ! ကဲ ထားပါ အခုတော့ ညစာသွားပြင်လိုက်အုန်းမယ် ဂျီဂျီ အိမ်မှာ တစ်ခါထဲ စားသွားနော် '

ငြင်းမယ့် ပုံမပေါ်သော ဂျီဂျီက ခေါင်းကိုပါ တစ်ဆက်ဆက် ညိတ်သည်။

စိတ်မရှည်တာမို့ ဂုတ်က အင်္ကျီစမှ ဆွဲပြီး ဆိုဖာပေါ် ထိုင်ခိုင်းလိုက်သည့် ဂျုံးကု။

' ဘာလာလုပ်တာလဲ? ဘာကိစ္စလဲပြော? '

ပေစောင်းစောင်း မျက်နှာထားနဲ့ ဂျုံးကုက မေးတော့ အင်္ကျီကို ပြင်ပြီး မျက်စောင်းထိုးလာသည်။

' မနက်ဖြန် ငါကျောင်းအပ်မလို့ အဖော်မရှိလို့ မင်းကို လာခေါ်တာ။ '

' မလိုက်ဘူး။ ငါလည်း ကျောင်းအပ်ရမယ်။ '

' ဘာလို့လဲ အတူတူသွားလည်း ရတာကို။ '

စိတ်ရူပ်သည့်နှယ် ပြောလာတဲ့ ဂျီဂျီကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

' ငါက ဘူဆန်ကို လျှောက်ထားတာ မင်းနဲ့ကျောင်းမှ မတူတာ ဂျီဂျီရာ '

UNTIL {Completed}Where stories live. Discover now