အပိုင်း (၁၁)

3.9K 417 30
                                    

(Unicode)

အပိုင်း (၁၁)

Variety Show တစ်ခုကနေ လွင့်ပြန့်လာတဲ့ ရယ်သံတွေ။ Remote ကို စားပွဲပေါ် ပစ်တင်ပြီး ဆိုဖာပေါ်မှာ ပျင်းရိစွာ လှဲနေသည့် ဂျုံးကု။

မျက်လုံးတွေဟာ နာရီကို တစ်လှည့် တံခါးဝကို တစ်လှည့်ဖြင့် အားသည်ကို မရှိ။

တစ်ယောက်အပြင် မရှိသော လူကို မျှော်နေသော် ရောက်မလာသောအခါ~

"ကင်ထယ်ဟျောင်းက လွန်တာပဲ။"

ခပ်တိုးတိုး အသံတွင် မလိုမကျခြင်း များစွာ ပါဝင်လျက်။ လက်တစ်ဖက်က Doberman အညိုကောင်ရဲ့ ခေါင်းလေးကို ပွတ်သပ်နေသည်။

ပင်ပန်းစွာပင် မျက်နှာကို လက်ဖြင့် သပ်ချကာ ဖုန်းကို ယူကြည့်တော့ ဦးဘက်က အဝင် Call ဆိုတာမျိုး မရှိ။ တစ်ပတ်တောင် ရှိပြီ။ ဒီနေ့မှာရောပဲ ဦးက နေနိုင်စွာ ပြစ်ထားတုန်း။

အမှန်ဆို ဒီနေ့က ဦးနဲ့ဂျုံးကု ရဲ့ 1 Year Anniversary..

လာမယ်လို့ ထင်ခဲ့တာ။ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ဒီနေ့ကိုတော့ လာတွေ့မယ် ထင်ခဲ့တာ။ ဘယ်လောက်ပဲ စိတ်ဆိုးနေကြပါစေ ဒီလိုနေ့မှာတော့ အတူတူ ရှိနေသင့်တာ။ အခုတော့ စောင့်နေတဲ့ ဂျုံးကုကပဲ အရူး ဖြစ်ရသည်။

အရင်ဆို ဖုန်းတဂွမ်ဂွမ် ဆက်ပြီးပဲ ဖြစ်ဖြစ် ချော့တတ်ပေမဲ့ အခုတော့ မဟုတ်။ စိတ်ကုန်သွားတာများလား?

အဲ့နေ့က ရုံမှာ ဇာတ်ကား အသစ်ပြနေတာမို့ ဦးနဲ့ ကြည့်ချင်လို့ လက်မှတ် နှစ်စောင်ကို ကြိုဖြတ်ထားခဲ့တာ။ ကြည့်ရအောင်လို့ ပြောတဲ့အထိ ဦးက ခေါင်းညိတ်ခဲ့သေးတယ်။ သို့သော် တကယ်တမ်း အဲ့နေ့ကြ ရောက်မလာခဲ့။

မိုးတွေလည်း ရွာနေပြီ။ မလာဖြစ်ရင် မလာဖြစ်ကြောင်း ဆင်ခြေကို မိုးရေထဲ စောင့်နေခဲ့တာ။ သုံးလေးနာရီ ကြာလည်း အရိပ်လေးတောင် မတွေ့ခဲ့ရ။ အသေအချာပဲ သူမလာခဲ့တာ။

နောက်ဆုံး လမ်းမှာများ အန္တရာယ် ဖြစ်နေလား ဆိုတဲ့ အတွေးနဲ့ ဖုန်းဆက်တော့လည်း မကိုင်ပြန်။

စိုးရိမ်စိတ်နဲ့ ဦးအိမ်ကို ပြေးသွားမှ ဧည့်ခန်းမှာ အလုပ်လုပ်နေတာကို တွေ့လိုက်ရတာ ဖြစ်သည်။

UNTIL {Completed}Where stories live. Discover now