အပိုင်း (၂၃)

2.2K 271 49
                                    

(Unicode)

အပိုင်း (၂၃)

မျက်နှာကို ရှောင်ဖယ်လိုက်သည်။ မှတ်မိတောင် တေးရမ်ကို သူ့အနေနဲ့ နှုတ်ဆက်စရာ အကြောင်းမှ မရှိတာ။

' ဘယ်ပန်းအစားထိုးယူမလဲဗျ? '

တေးရမ်ကို ဆိုင်က ကောင်လေးက မေးလာသည်။

' နှင်းဆီထဲ အပြာရောင်တော့ ရှိတယ်ဟုတ်။ '

တစ်ချက် ငဲ့ကြည့်လိုက်မိသည်။ နှင်းဆီပြာ။ ဒီတိုင်း သတိတရ ရှိမိသွားတာလေး တစ်ခုပဲ။

' အပြာရင့်လေးရှိတယ်ဗျ '

ပိုက်ဆံရှင်းပြီး ထယ်ဟျောင်း ထွက်လာခဲ့သည်။ လက်ထဲက ပန်းစည်းကို အသာ ပွေ့ပိုက်ပြီး တစ်လှမ်းချင်း တစ်လှမ်းချင်းနဲ့ လမ်းမဆီ သွားနေတာ။

တက်စီ တစ်စီးကို ငှားလိုက်ပြီး ကားပေါ် တက်ထိုင်လိုက်ပြီးသည်အထိ သူ့က စိတ်တွေ လွှင့်နေတုန်း။

ဖိတ်စာကတ်ကို ကမ်းပေးလိုက်ပြီး လမ်းညွှန်လိုက်သည်။

' နောက်ကျတာပဲ ကိုယ့်မှာမျှော်လိုက်ရတာ။ '

ဂမ်က သူ့ကို မြင်တော့ အပြေးရောက်လာပြီး ပွေ့ဖက်သည်။ ပါးပေါ်ကျလာသည့် နှုတ်ဆက် အနမ်းကိုတောင် သတိမထားမိလိုက်ဘူး။

ခါးကို ဖက်ထားပြီး သူ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးသည်။ သံပတ်ပေးထားတဲ့ အရုပ်လို လှုပ်ရှား နေပေမဲ့ တကယ်တော့ ကျနော်ဟာ ကျနော် မဟုတ်သလိုပဲ။

' အရင်ထဲက နာမည်ကြားဖူးရက်နဲ့ လူချင်းမတွေ့ဖူးနေခဲ့တာ။ Professor က အရွယ်တင်တာပဲ။ '

ကြားနေကြ စကားမို့ ထယ်ဟျောင်း အလိုက်အထိုက် ပြန်ပြုံးလိုက်သည်။ ဘိုဂမ်က နောက်တစ်ဝိုင်းကို ခေါ်သွားပြီး မိတ်ဆက်ပေးပြန်သည်။

' နေအုန်း။ ကိုယ့်ကို ဘာလို့ လိုက်မိတ်ဆက်ပေးနေတာလဲ။ '

' ဒီပွဲက လူတွေက မင်းကို သိပ်သိချင်တာ။ ကိုယ်မှ မိတ်မဆက်ပေးရင် စိတ်ဆိုးကြလိမ့်မယ်။ '

နှုတ်ခမ်းကို မဲ့ပြီး သက်ပြင်းကို ချလိုက်သည်။ ပျော့ဖတ်ပြီး ယိုင်နဲ့ကာ ဂျီကျနေသည့် ထယ်ဟျောင်း ကိုယ်ကို လက်နှစ်ဖက်နဲ့ အသေချာ ဖက်ပြီး ဆွဲခေါ်သွားသူ။

UNTIL {Completed}Where stories live. Discover now