အပိုင်း (၁၈)

2.6K 295 12
                                    

(Unicode)

အပိုင်း (၁၈)

ဖုန်းပေးလိုက်တော့ အခန်းပြင်ကို ထွက်ပြောသည်။ သိပ်တော့ မကြာလိုက်ပါ သုံးမိနစ်လောက်သာ ဖြစ်မည်။

' နမ်က စိတ်ပူနေလို့။
အခုတော့ အဆင်ပြေသွားပြီ။ '

ပြန် မတုန့်ပြန်မိပါ။

နှစ်ယောက်စာ လုပ်နေသည့် မနက်စာကို အခုထိ ပြင်မပြီးသည့် သူ့ကောင်လေးက အာရုံတွေ ထွေပြားနေပြန်သည်။ နမ် ပြောသည့် စကားထဲ ကျောင်းပြောင်းရမယ့် ကိစ္စ။ ဒီကောင်လေးကို သူ့မိဘတွေက သိပ်ချစ်ပုံပဲ။ ဒါကို ကလေးလေးက သိပါ့မလား။

ကိုယ်ဆိုတာ သူ့မိဘတွေ လက်မခံနိုင်တဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်။

' ဘာလို့ လက်မှုပညာလဲ? '

မမေးမိတဲ့ အမေးတစ်ခုကို စိတ်ဝင်တစား မေးမိတော့ သူဟာ အလုပ်မပျက်နဲ့ ဖြေသည်။

' ဒီတိုင်း သဘောကျလို့ '

ဒီလိုအဖြေမျိုးကို ထယ်ဟျောင်း ကြားဖူးနေကြ။

ထွေထွေထူးထူး မရှိဘဲ သဘောကျတဲ့ အကြောင်းဆို ဂျုံးကု အတွက် တစ်ချက်သာ ရှိလိမ့်မည်။

သဘောကျတယ်ဆိုတဲ့ ဒီနိဒါန်းအောက် များပြားတဲ့ အပိုင်းစတွေက ပါဝင်နေပြီးသားပဲ။

တစ်ခုချင်း ထုတ်မပြောလည်း ရသည်ထင်‌သော် အချစ်ဟာတော့ ရိုးသည်။

' အဲ့လိုမဟုတ်ဘဲ ဘာကိုသဘောကျလို့လဲ အဲ့ဒါကို မေးတာ။ '

' ရွေးချယ်ခဲ့တာ။ နှစ်ခုထဲက။ Doctor and Sculptor '

ရေခဲသေတ္တာထဲက စတော်ဘယ်ရီကို သွားထုတ်ပြီး ရေဆေးသည်။ ထယ်ဟျောင်းကတော့ စားပွဲမှာသာ ထိုင်နေသည်။

' ဒါပေမဲ့ အဲ့အရာကို သိပ်နောင်တရနေပြီ ဦး။ ကျနော့်ဘဝရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်ကို အဲ့မှာ သုံးပစ်ခဲ့တာ။ အရူးလို သွေးကြောက်တာနဲ့ပဲ။ '

' မင်းကအတော်ဆုံးပဲ။ '

ခပ်တိုးတိုး ပြောရင်း ပြုံးတော့ သူ့နားကို လျှောက်လာသည့် ကောင်လေး။ စတော်ဘယ်ရီ ဖျော်ရည်ခွက်ကို လက်ထဲ ပေးရင်း ဘာလို့လဲ မေးသည်။

UNTIL {Completed}Where stories live. Discover now