အပိုင်း (၇)

3.3K 395 11
                                    

(Unicode)

အပိုင်း (၇)

တတိယနှစ်ရဲ့ First Semester ဖြေဖို့ တစ်ရက်အလို။

Professor နားခန်းနဲ့ စာသင်ခန်းကို ပြေးနေသည့် ဂျုံးကုမှာ နားချိန်တောင် မရှိသလို။ စိတ်လေနေဖို့လည်း မအား။

စာနဲ့ တစ်ချိန်လုံး လုံးပန်းမနေတတ်တဲ့ ဂျုံးကု အတွက်ကတော့ အခုလို နီးမှသာ ဟိုမေးဒီမေးနဲ့ သိမ်းကျုံးလုပ်တတ်တာ ဖြစ်သည်။

' Professor Kim ပြန်လာပြီကွ ! '

နားကြပ်တပ်ထားရက်မှ ကြားလိုက်ရသည့် စကားသံ ကျယ်ကျယ်။

ဖြတ်ခနဲ လှည့်ကြည့်တော့ ထိုကျောင်းသားက အတည်လိုပဲ နောက်ကျောင်းသား တစ်ယောက်ကို အားရပါးရ ပြောပြနေတာ ဖြစ်သည်။

ကျနော်တို့ အားလုံး မျှော်နေတဲ့ ခပ်ဆိုးဆိုး ဆရာ။ ရက်ပိုင်းလောက်သာ သိခဲ့ကြပေမဲ့ ကျောင်းသားတိုင်းဟာ Mr.Kim ကို တလွမ်းလွမ်း ဖြစ်နေကြတာ ဖြစ်သည်။

အဲ့ထဲ ဂျုံးကုကတော့ အဆိုးဆုံး။

နေရာက ကောက်ခါငင်ကာ ထရပ်တော့ ထိုင်ခုံက ‌ကြမ်းပြင်ပေါ် ဝုန်းခနဲ။

လှေကားထစ်တွေကို ဘယ်လိုခြေလှမ်းတွေနဲ့ ကျော်ပြီး ဆင်းလာမိမှန်းကို မသိတော့တာ။ မြေညီထပ်ကို ရောက်တော့ ပုံမှန်နှုန်းနဲ့ ကျောင်းဝင်းပြင်ကို ထွက်သွားဖို့ လုပ်နေတဲ့ ကားတစ်စင်း။ ခဲရောင်လေးပဲ။

အသားကုန် အမှီပြေးလိုက်သည့် ဂျုံးကုက လျင်လှသည်။ အရှိန်နဲ့ ကားရှေ့ပိတ်ရက်လိုက်တော့ ဘရိတ်ကို အမြန်ဆွဲချလိုက်ရသည့် ဦး။

သူ့ကိုမြင်တော့ ကားမှန်ကို ဖောက်ထွင်းပြီး ဒေါသထွက်နေလေပြီ။

တစ်ဖက်က Passenger seat ကို ဝင်ထိုင်လိုက်သည်။ အခုမှ အသက်ကို ဝဝရှူရသလိုပဲ အဲ့မျက်နှာလေး မြင်တော့ ရင်ထဲ နွေးသွားသည်။ တကယ်ပါ အဲ့လူကို မတွေ့ရတော့ အရာတိုင်းက ပင်ပန်းလွန်းတယ်။

' ဂျွန်ဂျုံးကု ! အခုလို ကားရှေ့ပိတ်ရပ်လိုက်လို့ ဖြစ်မလား !! '

အသံကိုတော့ ကြားရသေးသားပဲ။ ပြန်လာတာရော ဟုတ်ရဲ့လားဆိုပြီးလည်း မယုံနိုင်နေသေးတာ။

UNTIL {Completed}Where stories live. Discover now