အပိုင်း (၁၄)

2.7K 310 15
                                    

(Unicode)

အပိုင်း (၁၄)

' မှားနေတယ် ကောင်လေး ဒီလိုဖြစ်ရမှာ.. '

Knife ကို ကိုင်ထားတဲ့ သူ့လက်ကို အုပ်ကိုင်လာတဲ့ ခပ်နွေးနွေး လက်ပိုင်ရှင်။

(Media ကိုကြည့်ပါ)

' အာ.. Mr. '

အကျင့်အတိုင်း ခေါ်မိတော့ မှေးစင်းပြီး ညို့ငင်ငင် မျက်လုံးတွေက အနည်းငယ် ဝိုင်းသွားသယောင်။ သို့သော် သိပ်တော့ မသိသာလှ သူက သေချာ ကြည့်လိုက်မိလို့သာ။

ငွေရောင် ဆံပင်တွေကို သပ်တင်ပြီး ပြုံးသည်။ မေ့နေတာ သူက Mr. လို့ မခေါ်ခိုင်းဘူး။

' ရမ်လို့ပဲ ခေါ်ပါ။ တို့က ဆရာဆိုတဲ့ ဂုဏ်ပုဒ်ကို သိပ်လိုချင်တာ မဟုတ်ဘူး။ '

ပျော့ပြောင်းပြီး သွယ်လျတဲ့ ခန္တရာယ်ကိုယ်က လှလွန်းသည်။ ငွေရောင် ဆံပင်တွေ အောက်က ခပ်ပါးပါး မျက်တောင်တုတွေနဲ့ သူက လိုက်ဖက်သလိုပဲ။

မျက်ခွံပေါ် ခပ်ပြေပြေ လိမ္မော်ရောင် ပြေးသည့် အရောင်တချို့ကို တင်ထားသည်။ ခပ်စိုစို ဖြစ်နေတဲ့ နှုတ်ခမ်းသားက ပန်းရောင်ဆေးကို မဟုတ်ဘဲ အသားရောင် သမ်းတဲ့ အရောင်ကို ဆိုးထားသည်။ ပါးမို့တွေကလည်း သဘာဝ ဆန်ဆန် နေဝင်ချိန်လိုလေးပြင်ထားသည်။

ရမ်က Gay တစ်ယောက်လို့ နာမည်ထွက်သည်။ သူဒီကို ရောက်လာမယ် ဆိုထဲက ကျောင်းမှာ ဂယက် အကြီးကြီး ထနေခဲ့တာ။ ဘာလို့ဆို သူက သိပ်နာမည်ကြီးတယ်တဲ့။

သူ့အသံက သိပ်မနွဲ့ပေမဲ့ ကြည်ကြည်လေးနဲ့ နားထောင်လို့ ကောင်းသည်။ ဒါက လုပ်ယူထားသည့်ပုံ မရဘဲ သဘာဝ သူ့အသံ ဖြစ်မည်။

ဂုတ်သားပေါ် ရောက်ကာ ယောင်ယောင်လေး ရှည်နေသည့် ဆံပင်တွေကို သူက တဖွဖွ ကိုင်ပြီး ခပ်လှမ်းလှမ်းက ခုံမှာ ဝင်ထိုင်သည်။ ခြေတစ်ဖက်ကို နောက်ခြေတစ်ဖက်ပေါ် ချိတ်တွယ်ထားပြီး လက်က ဖိုင်တစ်ခုကို ခပ်လျော့လျော့ ကိုင်ထားသည်။

ဂျုံးကု ကိုယ်တိုင်မြင်မှ ဒီလူက သိပ်လှမှန်း လက်ခံလိုက်ရသည်။

' ဘယ်လိုလဲ မင်းကြည့်ရတာ
စိတ်မဝင်စားသလိုပဲ ဂျွန်။ '

နာမည်ကို အဖျားစွတ် ခေါ်လိုက်တာကို သဘောမတွေ့ပေမဲ့ ဒီလူက လူတိုင်းရဲ့ နာမည်ကို အဲ့လိုပဲ ခေါ်နေကြဆိုတာကို ဂျုံးကု သိထားမိသည်။

UNTIL {Completed}Where stories live. Discover now