အပိုင်း (၄၂)

2.3K 251 25
                                    

(Unicode)

အပိုင်း (၄၂)

စာတိုက်ပုံး ဘေးက လူခေါ်ဘဲလ်ကို တစ်ချက် နှိပ်လိုက်သည်။ နာမည်တောင် မပြောရသေး ပွင့်သွားတဲ့ တံခါးကြောင့် လက်ထဲက အိတ်တွေကို ခပ်တင်းတင်း ကိုင်ကာ ဝင်သွားလိုက်သည်။

အပြင်မှာ ရောက်နေတဲ့ ကလေးစက်ဘီး သေးသေးလေး။ ဟောင်းနွမ်းပုံ ပေါ်ပေမဲ့ အကောင်းတိုင်းလေးပဲ။

အိမ်ထဲက ထွက်လာတဲ့ အန်တီနဲ့ ခြံထဲက သူတို့ ခပ်မြန်မြန်ပဲ ဆုံကြသည်။ ပြုံးပြမိတာက ဘာပြောရမှန်း မသိလို့။

' လာလေကွယ်။ အိမ်ထဲ ဝင်ပါအုန်း။ '

စီးထားတဲ့ ရှူးအပါးကို အသာ ရှိုချွတ်ပြီး ဝင်လိုက်တော့ သူတစ်ခါသာ ရောက်ဖူးသည့် ဂျုံးကုနေခဲ့တဲ့ အိမ်လေး။

' ဟို ရှေ့က စက်ဘီးလေးက.. '

သိချင်ရင် မရတာမို့ မေးတော့ တွေးမိတဲ့ အတိုင်း~

' အာ။ အဲ့ဒါ သားလေး ငယ်ငယ်စီးတဲ့ ဘီးလေ။ မထူးတောင် ဂျိုကိုလေး စီးဖို့ဆိုပြီး အန်တီက ကောင်မလေးတွေကို ရှာခိုင်းထားတာ။ '

' အဲ့လိုကိုး။ သေးသေးလေးနော်။ '

' ဟုတ်ပါ့။ သားလေး ငယ်ငယ်က အဲ့စက်ဘီးနဲ့ ပုံလေးလည်း ရှိတယ်။ ကြည့်ချင်လား '

ခေါင်းတဆက်ဆက် ညိတ်မိသည်အထိ။ ထယ်ဟျောင်းက ဂျုံးကုရဲ့ အငွေ့အသက်တိုင်းကို နှစ်သက်တတ်တဲ့ လူ။ ပထမ တွေ့ဆုံမှုက ရတဲ့ မေးခွန်းစာရွက်နဲ့ ဘောပင်အဖုံးကိုတောင် သူက အသေအချာ သိမ်းထားမိတာ။

ခဏနော် ဆိုကာ စာကြည့်စင်အောက်နားက ဘီရိုထဲ တစ်ခုခု ထုတ်ယူနေတဲ့ အန်တီ။ နောက် ဓာတ်ပုံ အလ်ဘမ် ထူထူကြီးက လေးအုပ်တောင်။ ဘယ်လိုများ နှစ်အလိုက် စုထားသည်လည်း ထယ်ဟျောင်း အံဩမိပါရဲ့။

၇၄ ခုနှစ်က စပြီး ရှိတဲ့ အလ်ဘမ်တွေ။

အန်တီက စက်ဘီးလေးနဲ့ ပုံကို ရှာနေသော် ထယ်ဟျောင်းကတော့ သူတောင် မသိလိုက်ဘဲ ၇၄ ခုနှစ် ဒိတ်နဲ့ အလ်ဘမ်ကို ဖွင့်ကြည့်နေမိပြီ။

ဓာတ်ပုံဟောင်းတွေထဲက မျက်လုံးဝိုင်းလေးတွေဟာ ထယ်ဟျောင်းကို ပြုံးပျော်စေပါသည်။

UNTIL {Completed}Where stories live. Discover now