အပိုင်း (၄၀)

2.5K 285 27
                                    

(Unicode)

အပိုင်း (၄၀)

' ကိုကိုက ဘူဆန်ကနေ ခေါ်လာတာ မမ။ '

မမ? ရမ်က ပြုံးရယ်လိုက်မိတာပါပဲ။

ဟုတ်တော့လည်း ဟုတ်သည်။ ရမ့်ဆံပင်လေးတွေက ငွေရောင်လက်လက်နဲ့ မျက်လုံးတွေမှာလည်း အရောင်ဖျော့ဖျော့တွေ ထင်နေလေတော့ ဒီကလေးမှားတာကို အပြစ် မမြင်မိ။ ဒီနေ့မှ သူက နားဆွဲ အရှည်လေးကို ဆွဲလာခဲ့သေးတာ။

' ဘယ်နှယ် မမလဲကွယ်။ ကိုကိုရမ်လို့ ခေါ်။ '

ရမ်က သွားညီညီလေးတွေ စီတန်းအောင် ရယ်ကာ ပြောသည်။

' ကိုကိုက လှတယ် ဟီးး '

ရမ်နဲ့ ဂျိုကိုလေးက ကိုက်ပုံပဲ အဆင်ပြေပြေ ဖြစ်နေသည်။ နောက်တော့ ဂျိုကိုလေးကို ခေါ်ကာ အိမ်ထဲ ဝင်လာတော့ ကွန်ပျူတာ ရှေ့ထိုင်နေတဲ့ ထယ်ဟျောင်းကို နောက်က သိုင်းဖက်ထားပြီး လိုက်စနေသော ဂျုံးကု။

ဖိနပ်စင်နားက မှီရပ်ရင်း ပြုံးလိုက်မိတာ

' တို့မရှိချိန် ကလေးပါ ရသွားတာတော့ မဟုတ်လောက်~ '

ဂျုံးကုက ရမ့်ကို မြင်တော့ တအံတဩနဲ့ ပြေးဖက်တယ်။ ဖက်ပုံက ရိုးရိုးပါပဲ။

ဒါပေမဲ့ ထယ်ဟျောင်းကတော့ မျက်မှောင်ကို ကျုံ့ခနဲ။

' ဖယ်ဖယ်။ တို့ကို မျက်မုန်းကျိုးကုန်မယ်။ '

ထိုအခါမှ ဂျုံးကုက သဘောတကျနဲ့ ရယ်ပြီး ဖယ်ပေးသည်။ နောက် ဧည့်ခန်းက နေရာကို ရှင်းလိုက်သည်။ ပြန်ရောက်ရောက်ချင်း ဦးက အလုပ်ထဲ နစ်နေတော့ ပျင်းတဲ့ သူက တီဗွီကြည့်ရင်း စောင့်ရသည်။ ဒါကြောင့် စားပွဲပေါ် မုန့်ခွံတွေက အပြည့်။

ရမ်က ထယ်ဟျောင်းကို ပြုံးပြသော် ထယ်ဟျောင်းကတော့ မသိတဲ့ လူလို တစ်ချက်သာ ဝေ့ကြည့်လာတာမို့ ရမ် သဘောတကျ ဖြစ်သွားရ၏။

' မနက်ဖြန် ကုမ္ပဏီကို ခဏဝင်ခဲ့ ဂျွန်။ '

ရိုက်ကူးရေးစထဲက လိုမှ သွားသည့် ကုမ္ပဏီကို သွားခိုင်းနေတော့ မျက်ခုံး ပင့်လိုက်မိရော။

အကြောင်းမရှိရင် မလာတာ ရမ်က သိရက်။

' အို~ ဘာလို့ အဲ့လိုကြည့်တာလဲ? Musician တစ်ယောက်က Sculptor John ကို တွေ့ချင်တယ် ပြောနေတာကို ဘယ်လိုငြင်းရမလဲလို့ '

UNTIL {Completed}Where stories live. Discover now