အပိုင်း (၅)

3.5K 392 15
                                    

(Unicode)

အပိုင်း (၅)

တစ်ပတ်လောက်ထိ ကျောင်းမလာတဲ့ အဆုံးမှာတော့ ဂျီဂျီက ဘူဆန်အထိ လိုက်လာတော့သည်။ ပွစိပွစိ စကားတွေကို ခေါင်းတညိတ်ညိတ် နားထောင်တော့ ဘွားက သူနဲ့ဂျီဂျီကို ကြည့်ပြီး ပြုံးလို့။

မနက်ဖြန်တော့ ဆိုးလ်ကို မင်းပြန်လိုက်ရမယ် ဆိုတဲ့ စကားကို ငြင်းချင်ပေမဲ့ မေမေက မှာလိုက်တာ ဆိုတဲ့ ထပ်တိုး စကားကြောင့် ခေါင်းညိတ်လိုက်ရသည်။

တကယ်တော့ သူကပဲ မှားနေခဲ့တာ။ သိပ်တတ်ချင်တဲ့ မေဂျာကို အရယူခဲ့ပြီး အခုကျ ကျောင်းကို မသွားချင်ပြန်ဘူး။ ဒါကလည်း ဦးဆိုတဲ့ ဟိုလူကြောင့်။

ဆလွယ်သိုင်းထားတဲ့ အနက်ရောင် မိုးကာသားအိတ်ကို လက်ဖြင့် တစ်ချက်ဆွဲလိုက်ပြီး ကားတံခါးကို ပိတ်လိုက်သည်။

နဖူးပေါ် ကျနေသည့် ဆံပင်တွေကို သပ်တင်ပြီး သက်ပြင်းချသည်။ ဂုတ်ထောက်နေသည့် ဆံပင်အုပ်အုပ်က သူနဲ့လိုက်ဖက်လို့။ လည်ပင်းမှာ အရင်လို ရှင်းမနေဘဲ ဒီနေ့မှာတော့ ငွေကြိုးမျှင်မျှင်လေး တစ်ကြိုးရှိနေသည်။

ညနေနောက်ဆုံး အချိန် မတိုင်ခင် အိမ်ပြန်လိုက်ရတာပဲမလား။

တစ်ချိန်လုံး အတန်းထဲ ထိုင်နေပြီးနောက်မှ လက်တွေ့ချိန်ဆိုတဲ့ စကားကြောင့် သူ့မှာ အထူးအဆန်း ဖြစ်နေရသည်။ ပုံမှန်ဆို စာတွေ့ပဲ သင်သေးတာ မဟုတ်လား။

အလျိုလျို ထွက်သွားကြသည့် ကျောင်းသားတွေနောက် ရောယောင် ပါသွားတော့ သူနှစ်ခါတိတိ ရောက်ဖူးသည့် ဦးရဲ့ အလုပ်ခန်း။

ဒီနေ့မှာတော့ မီးချောင်းတိုင်းကို ထွန်းဖွင့်ထားပြီး လိုအပ်တာတွေကိုပါ ချထားသည်။

အခြေခံကအစ သင်ကြားပေးနေသည့် ဦးက အခုချိန်မှာတော့ စိတ်ရှည်ပုံရတယ်။

သင်ပေးနေတာက ပန်းကြွ အနုပညာ။ အင်္ဂတေ အနုသားနဲ့ အလှဆင်ရတဲ့ ပုံစံလေး။

" အာရုံစိုက် ဂျွန်ဂျုံးကု "

တကယ်တော့ အာရုံစိုက်မရဘူး။ ပန်းက ပန်းနဲ့မတူတော့ပဲ တွန့်လိမ်နေပြီ။ Plaster ကလည်း ပျစ်လွန်းနေသည်။ ဒါကိုသိလည်း ပြင်ချင်စိတ် မရှိဘူး။ ဘယ်ပန်းအမျိုးအစားကို ရေးမယ်ဆိုတာကို သူမတွေးရသေးတာ။

UNTIL {Completed}Where stories live. Discover now