အပိုင်း (၁၇)

2.6K 293 12
                                    

(Unicode)

အပိုင်း (၁၇)

" ကိုယ်တော့ အကြာကြီး အတူတူ ရှိနေနိုင်မယ့် နည်းလမ်းကို ရွေးချယ်ချင်တယ် "

ဆိုဖာ နောက်မှီပေါ် လက်တင်ထားသည့် သူက ဂျုံးကု နားရွက်ဖျားလေးကို ဆွဲလိုက် ဆိတ်လိုက် လုပ်ပြီး အချိန်ဆွဲနေသည်။

ဒီဆိုင်မှာ ဒီနေရာမှာ ထိုင်နေတာ နှစ်နာရီအတိ ရှိနေပြီ။ တစ်ဝက်မကျိုးတကျိုး mini cake ကို ဆက်မစားပဲ ခါးလို့ မကြိုက်ပါဘူး ဆိုတဲ့ ဂျုံးကု မှာထားတဲ့ အမေရိကာနိုကိုပဲ ယူသောက်နေတာ ဖြစ်သည်။

မျက်စိရှေ့က မြင်ကွင်းက အစီအရီ ရပ်ထားသည့် ကားပါကင် ဆိုသော် ဂျုံးကုကတော့ တစ်ခုခု ရှိနေသလို စိတ်ဝင်တစား ကြည့်နေသည်။

အဲ့အကြည့်တွေကြောင့်..။ စတွေ့တုန်းက ဒီကောင်လေးက ရဲရဲတင်းတင်းပဲ သူ့မျက်လုံးတွေထဲ တိုးကြည့်လာခဲ့တာ။

ဇွတ်တိုး ဝင်လာတဲ့ မင်းက နေရာအပြည့် ယူသွားတာပါပဲ ကလေးရယ်။

မေးဇောင်းမှ အမွေးရေးရေးလေးကို နှုတ်ခမ်းနဲ့ ပွတ်ဆွဲမိသည်။ မင်းက ကလေးငယ်လေးဆို ကောင်းမယ်။ အမြဲပွေ့ဖက်ထားလို့ရအောင်။

ဆယ်နှစ်သားအရွယ်လောက်က ဘူဆန်ကို မိသားစုနဲ့ ခရီးထွက်ခဲ့ပါရက်နဲ့ မင်းကို ဘာလို့များ မတွေ့ခဲ့ရသည်လဲ။

ဘူဆန်မှာ စက်ဘီးလဲပြီး ဆေးရုံ ရောက်ခဲ့တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် မင်းရဲ့ မွေးနေ့လေးမှာ။ အဆောက်အဦး တစ်ခုထဲ အတူတူ ရှိခဲ့ပါလျက်နဲ့။ အဲ့တုန်းက ကိုယ်ကလေးငိုသံလေးကို ကြားခဲ့သင့်တာ။

အနှီးထုတ်ငယ်ထဲက မင်းဆိုတဲ့ ကလေးငယ်ကို စောစော သိခွင့်ရဖို့ ပိုလိုလားမိတယ်။ အခုတော့ နောက်ကျသွားပြီ။

' ဦးရဲ့အကြောင်း သိချင်တယ်။ ဘာတွေကြိုက်တတ်လဲ ဘာတွေမကြိုက်တတ်လဲ ဆိုတာ။ '

' မကြိုက်တာမျိုး မရှိပါဘူး။ အခုကြည့်ပါလား ခါးတာ မကြိုက်ပေမဲ့ သောက်မိတာပဲ။ '

' ကျနော်တို့က အကြိုက် မတူဘူး ဆိုတာ သိတယ်မလား။ '

ခေါင်းညိတ်ပြီး နားထောင်နေသည်။

UNTIL {Completed}Where stories live. Discover now