အပိုင်း (၄)

3.6K 405 13
                                    

(Unicode)

အပိုင်း (၄)

နောက်တစ်နေ့ရောက်တော့ ဦးအချိန်မှာ ပြဿနာ အကြီးကျယ် တတ်ကုန်သည်။ အတန်းလစ်သွားတဲ့ ကောင်တွေကို ပေစောင်းစောင်း အကြည့်နဲ့ ဆူ‌ပူနေတဲ့ ဦးက ကျနော်တို့ကို အထက်တန်း ကျောင်းသား အရွယ်ထင်နေပုံ။

တက္ကသိုလ်မှာ ဘယ်ဆရာကမှ ဒီလောက် မကြပ်တာကို ဦးကတော့ စည်းကမ်း တင်းကြပ်လွန်းသည်။

တစ်ပတ်မှာ နှစ်ရက်သာ ပါသည့် ကြာသပတေးနဲ့ သောကြာရဲ့ နောက်ဆုံးသော အတန်းချိန်။

ကျန်တဲ့ရက်တွေမှာ အရိပ်လေးတောင် မမြင်ရတဲ့ ဦးက ကျောင်းဝင်းထဲ အမြဲ တွေ့ရတတ်တဲ့ ဆရာတွေလိုတော့ မဟုတ်။

ဦးအချိန်ဆို ကြောက်ကြပြီး မျက်လုံးပြူးကာ အာရုံစိုက်ကြပေမဲ့ စာချည်းသင်တတ်တာကြောင့် ကျောင်းသားတွေက နည်းနည်းပျင်းကြသည်။ ပထမဆုံး အတန်းချိန် ဝင်တဲ့ ဆရာဂျင်လို မဟုတ်။

ဦးနဲ့ ဆရာဂျင် အချိန်လဲသင့်တယ် လို့တောင် တွေးမိသည်။

အတွေးလွန်ပြီး ဆက်မွှေနေတော့ Milk Tae ထဲက Ice Cream တွေက အရည်ပျော်ကုန်ပြီ။ သူ့ရှေ့က ဂျီဂျီကတော့ စာအုပ်နဲ့ မျက်လုံး မခွာ။ ဒီကောင့်ရဲ့ ကြိုးစားမှုက တက္ကသိုလ်အထိကို ကပ်ပါလာတာပဲ။

' မဆူဘူးလားကွာ ပြန်ရအောင်
နားညည်းလိုက်တာ။ '

ဂျီဂျီ့လက်ကို ပုတ်ပြောရင်း ဘေးနားက လွယ်အိတ်ကို သိုင်းလွယ်လိုက်သည်။

စားသောက်ဆိုင် ဖြစ်တာမို့ စကားပြောသံ တိုးတိုး"က ကြာလာတော့ နားညည်းစရာ ဖြစ်လာသည်။ ဒါကို ဒီနေရာမှာ စာလုပ်ဖို့ တွေးသေးတာ။

သောက်လိုက်စဘူးကို လက်က ကိုင်ရင်း အပြင်ကိုသာ ထွက်လာခဲ့သည်။ ဂျီဂျီကို စောင့်ဖို့အထိ သူစိတ်မရှည်တော့။

ကားပါကင်ကို ရောက်တော့ မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်နေသည့် ဦး။ သူ့ကိုတော့ မမြင်ပါ ဒါပေမဲ့ ဘေးနားမှာလည်း ကောင်မလေး တစ်ယောက်က ရှိနေသည်။ ဦးက ထိုကောင်မလေး လက်ကိုလည်း ဆွဲကိုင်ထားသည်။ နောက်လက်တစ်ဖက်ကတော့ ဖုန်းပြောရင်းပေါ့။

UNTIL {Completed}Where stories live. Discover now