အပိုင်း (၈)

3.4K 434 20
                                    

(Unicode)

အပိုင်း (၈)

တံခါးဝကို ခေါင်းထွက်ကြည့်တော့ လှေကားဘက်ကို ဆင်းသွားသည့် ဂျုံးကုကို မြင်လိုက်ရသည်။ တံခါးကို အသာ ပိတ်လိုက်ပြီး ခုနက ဟင်းပွဲတွေကို ဖွင့်ကြည့်ကာ ဟိုဆက်ဆက် ဒီဆက်ဆက် လိုက်မြည်းပြီး နှာခေါင်းကို ရှုံ့လိုက်သည်။

ဂျုံးကု ပြင်ပေးသွားတာက ကင်ချီဟင်းရည်နဲ့ ကြက်ဥလိပ်၊ အသားကင်လည်း ပါသေးသည်။ ကြက်ဥစားဖို့ရာက ခေါင်းမူးနေတာမို့ ကြည့်ရင်း အီလာသည်။

ကင်ချီဟင်းရည်ကလည်း စပ်နေတာမို့ မစားချင်ဘူး။ ဒါကြောင့် အသားကင် ပန်းကန်ကိုသာ မ,ယူလိုက်ပြီး တူတစ်ချောင်းနဲ့ ဧည့်ခန်းကို ထွက်လာခဲ့သည်။

ဒီနေ့မှ ဘီယာကလည်း ကုန်နေသည်။ ဟိုနေ့က နမ် ဝယ်လာတယ် ထင်နေတာ။ အမြင်မှားတာဖြစ်မယ်။ သောက်စရာ မရှိတာမို့ ရေခဲသေတ္တာထဲက စတော်ဘယ်ရီတွေကို ရေဆေးပြီး ဖျော်စက်ထဲ ထည့်လိုက်သည်။ သကြားနဲ့ နွားနို့ကို ထည့်ပြီး ရလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲ လောင်းထည့်လိုက်သည်။

' ထယ်ဟျောင်း။ မအိပ်သေးဘူးလား။ '

ကုတ်အင်္ကျီကို လက်မှာ ချိတ်ပြီး ထိုင်ခုံပေါ်မှာ ဝင်ထိုင်သည့် နမ်။

' ပြောတော့ ပြန်မလာတော့ဘူးဆို။ '

မျက်နှာကို မဲ့ပြီးပြောတော့ နမ်က ပြုံးသည်။

' ဘာလဲ Lexi ရောက်နေလို့လား? '

ပြုံးစိပြုံးစိနဲ့ ပြောလာသည့် နမ်ကို ရေတစ်ခွက် ငှဲ့ပြီး ရှေ့တိုးပေးလိုက်သည်။ Lexi နဲ့သူ့ကို သိပ်သဘောတူ နေတာပဲ။ ဒယ်ဒီကလည်း တစ်ခုခုဆို Lexi ကိုပဲ မေးတတ်သည်။

တော်တော်ကြာနေပြီဆိုပေမဲ့ Lexi နဲ့ သူရဲ့ Relation ကြီးက အရင်လိုပဲ Lexi ဘက်ကသာ သူ့အပေါ် နီးကပ်လာတာ သူကတော့ အရင်လိုပဲ အကြောင်း ရှိမှ တွေ့တတ်ပြီး ဖုန်းခေါ်လည်း တော်ရုံ မကိုင်ဖြစ်သေးဘူး။

အခုဆို Lexi က အလှအပဘက်ကို ရောက်နေပြီး ကိုယ်ပိုင် Band တစ်ခုကို တည်ထောင်နိုင်နေပြီ။ အစတည်းက မိသားစုကလည်း ပံ့ပိုးနိုင်တဲ့ အပြင် Lexi ကိုယ်တိုင်ကိုကလည်း အရည်အချင်း ရှိလွန်းတာမို့ အောင်မြင်မှုက သိပ်မြန်သည်။

UNTIL {Completed}Where stories live. Discover now