အပိုင်း (၂၆)

2.3K 271 53
                                    

(Unicode)

အပိုင်း (၂၆)

ညနေလောက်ကြီး နိုးလာတော့ တစ်ကိုယ်လုံးက ထုံထိုင်းနေတုန်း။ ဘေးမှာ မရှိတော့တဲ့ လူ။ ပြန်သွားတာလားလို့ တွေးမိတော့ မယုံချင်ပြန်ဘူး။

မျက်လုံးတွေက လည်သာ နုတ်စာအုပ်ကို မြင်မှ စိတ်ချမ်းသာသွားရသလို။

အခန်းပြင်ကို ထွက်ခဲ့တော့ သူက ဘမ့်ကို အစာကျွေး ရေတိုက်နေတာ။ ဘမ်က နှစ်တွေ‌ကြာတောင် အဲ့လူကို မှတ်မိပုံပဲ။

အပြင်မှာလည်း မိုးက တသည်းသည်း၊ ဒီမိုးက ဘယ်တော့ ကုန်မှာလဲ လို့တောင် မဆီမဆိုင် ‌ဆက်တွေးလိုက်မိသည်။

' ကိုယ်ပူရော.. နွေးနေသေးတာပဲ '

ပါးတစ်ဖက်ကို အုပ်ကိုင်သည့် လက်သွယ်သွယ်။

' မုန့်မှာထားပေးတယ်။ စားလိုက်အုန်း။ ကိုယ်က စားပြီးပြီ။ '

သစ်သား စားပွဲငယ်ပေါ်က ကြိမ်ခြင်းထဲ ရှိနေသည့် Sandwich နှစ်ခု။

' မတူတာစားလို့ ရအောင် လိုလိုပိုပို မှာထားတာ '

ဂျုံးကု တစ်ခုကို ယူလိုက်ရင်း စက္ကူပတ်ကို ဖြဲလိုက်သည်။ တီဗွီကို ဖွင့်လိုက်ပြီး ကုတ်ကုတ်လေး နေသည့် ဂျုံးကုက အေးပုံရသည် လက်နှစ်ဖက်ကို အင်္ကျီထဲက မထုတ်။

' နွားနို့ပူပူလေး '

ဒီလူက အများကြီး ဂရုစိုက်ပေးနေသည်။

' ဘာလို့လဲ အေးလည်း ဖြစ်တယ် '

' ကိုယ်က စေတနာနဲ့လေ '

အထူးအဆန်းတွေ မြင်ရတော့ တကယ် အဆင်မပြေဘူး။ ပစ်ထားရမှာ မဟုတ်လား။

' ပြောပြလို့ ရပြီလား.. ကိုယ်သိချင်လို့ပါ '

ဝါးလက်စ ပေါင်မုန့်က ခံစားချက်တွေကြောင့် လည်ချောင်းထဲ ဆို့နစ်သွားသည်။ ပြောပြဖို့ဆို မေ့ထားတာတွေကို ပြန်တွေးရမယ်၊ ပြန်ခံစားရမယ်၊ နာရမယ်။

' ညှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဆင်ပြေမလာဘူး။ ဦးကလည်း ဦးပုံစံဦး။ ကျနော်ကလည်း ကျနော့်ပုံစံနဲ့ ကျနော်လေ။ '

' ကိုယ်တို့ အဲ့အတိုင်းနဲ့လည်း ပြေခဲ့ကြတာပဲ။ အဲ့နေ့ကသာ ကိုယ့်ကို စိတ်မဆိုးသွားခဲ့ရင်.. '

UNTIL {Completed}Where stories live. Discover now