အပိုင်း (၂၀)

2.7K 301 17
                                    

(Unicode)

အပိုင်း (၂၀)

ကျက်မှတ်ပြီးသား စာတွေကို အစက ပြန်ကြည့်နေရတော့ ဂျုံးကု စိတ်တွေက အတော်လေး ပင်ပန်းနေပြီ။ သင်ပြီးသား စာတွေမို့ ကျောင်းကိုလည်း နေ့တိုင်း သွားမနေချင်နေတော့ ဒါကြောင့် အဆောင်မှာသာ သောင်တင်နေတတ်သည်။

ရမ်ကလည်း မိုးလင်းက မိုးချုပ် အဆောင် မကပ်သူမို့ သူက အမြဲ တစ်ယောက်ထဲသာ။

စိတ်လိုလက်ရ ပုံတွေ လျှောက်ဆွဲနေတုန်း အဆောင်ဖုန်းရဲ့ ကြိုးဖုန်းဆီ ဝင်လာတဲ့ နံပါတ်။

အဆောင်မှူးဆီက ဖြစ်ပြီး ဧည့်သည် ဆိုတာကြောင့် လူက ပိုပြီး ပင်ပန်းလာသည်။ မေမေက ထပ်ရောက်လာပြန်တာလား..

ဟုတ်ကဲ့ လို့သာ ပြောပြီး အနွေးထည် ခပ်ပါးပါးကို ထပ်လိုက်သည်။ လှေကားတွေကို လေးပင်ပင် ကျော်ဖြတ်ပြီး အောက်ရောက်တော့ lobby မှာ မဟုတ်ဘဲ အပြင်မှာတဲ့လေ။

ဂျုံးကု ပန်းနေသောကြောင့် လေးပင်နေတဲ့ မျက်လုံးတွေကို အားယူကာ ချဲ့ဖွင့်ရင်း ထွက်ကြည့်တော့ ခုံတန်း ပေါ်က လူတစ်ယောက်။

ဘေးမှာလည်း ဈေးကြီးတဲ့ သရေအိတ်ကို ချထားပြီး ထိုသူက ခြေထောက်တွေက ကားထိုင်ထားသည်။ ကင်ထယ်ဟျောင်းပဲ။

လက်ထဲမှာလည်း နှင်းဆီပြာ သုံးပွင့်။ စိတ်ဆိုးနေတာကို သိသွားသားပဲ။

သူ့အတွက်လား ကိုယ့်အတွက်လားတောင် မသဲကွဲအောင် ဦးက နမ်းကြည့်နေတာ။

ဦးက ဂျုံးကု စိတ်ဆိုးတိုင်း၊ စိတ်ကောက်တိုင်း နှင်းဆီပြာ သုံးပွင့်နဲ့ ချော့တတ်သည်။ ချော့နည်းကတော့ ရိုးရိုးလေး အဲ့ပန်းသုံးပွင့်ကို လက်ထဲထည့်ပြီး "ကိုယ်မှားတယ်" ပြောတာမျိုး။ ဂျုံးကုဘက်က ပြေပြေမပြေပြေ ဦးကတော့ အဲ့လိုပဲ ချော့တတ်သည်။

အခုလည်း အဲ့လိုပဲ ဖြစ်မယ်။

' အဲ့ဒါဘာလဲ? '

' ဂျုံးကု '

လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပြေးလာတဲ့ လူကို ရှောင်လိုက်သည်။ တော်ပါ။

' အခုမှ လာဖက်မနေနဲ့ '

ထိုအခါ ဦးက ပြုံးပြီး ပန်းကို ပေးလာသည်။ ပုတ်ထုတ်လိုက်၏။ ဒါကို ပန်းက ပြုတ်ကျ မသွားဘူး။

UNTIL {Completed}Where stories live. Discover now