အပိုင်း (၃၀)

2.5K 271 25
                                    

(Unicode)

Edit - မနေနိုင် အခုပဲ ပြင်လိုက်ပါပြီ ㅠㅠ

Y/N - အကယ်၍များ ongoing မဟုတ်ဘဲ ဒီညအတွင်း စဖတ်နေတဲ့ သူတွေများရှိခဲ့လို့ အပိုင်း (၃၀) ဟာ အပိုင်း (၂၅) အောက် ရောက်နေခဲ့ရင် ကျော်ပြီးမှ အစဉ်လိုက် ဖတ်ပါနော်။ မနက်ကျမှ Web ကနေ တစ်ဆင့် (၃၀) ကို အောက်ပြန်ပို့ရမှာဖြစ်လို့ မှားဖတ်မိရင် အဓိပ္ပာယ် လုံးဝ မရှိနိုင်ပါဘူးနော်။

Ongoing ယောရောဘွန်းတို့ကတော့ အောက်ကို နည်းနည်းဆင်း ဖတ်ပါရှင့်။















အပိုင်း (၃၀)

သူထွက်သွားပြီး နှစ်လအကြာ။

" ခွဲစိတ်မှုကိုတော့ မနက်ပိုင်း စောစောလောက် လုပ်ဖို့ စီစဉ်ထားပါတယ်။ နာကျင်မှု နည်းအောင် မေ့ဆေးပြင်းကို သုံးမှာမို့ ဆိုးကျိုးအ‌နေနဲ့ကတော့ အရင်ကထပ်စာရင် မေ့တာမျိုး ရှိလာနိုင်ပါတယ်။ Mr.Kim အနေနဲ့ အဆင်ပြေပါ့မလား? '

လက်သည်းတွေကို ကုတ်ဖဲ့နေပြီး မျက်လုံးသေတွေက အေးစက်စက်။ ဆေးရုံ ဝတ်စုံနဲ့ သူက ဒီလအတွင်း အလေးချိန်တွေ ထိုးကျကုန်သည်။

ဆုံးဖြတ်ပြီးလို့တောင် လူနာဝတ်စုံက ကိုယ်မှာ ကပ်နေပြီပဲ နောက်ပြန်ဆုတ်ဖို့ စိတ်ကူးမရှိဘူး။

ဒေါက်တာဟာ ဒယ်ဒီ့အသိ မိတ်ဆွေမို့ သူ့အကြောင်းကို သိပြီးလောက်ရော ဖြစ်သည်။

ခေါင်းကို ညိတ်လိုက်သည်။ ချောင်ကျနေတဲ့ ပါးနှစ်ဖက်ကြောင့် မျက်နှာရိုးဟာ ခပ်သွယ်သွယ်။ ဒီလို ပုံစံနဲ့ ‌ဒီလူဆီက ရိုးတွင်းခြင်ဆီ ယူရမှာတောင် အားနာစရာ ဖြစ်နေသည်။

ကိုယ်တွင်းစစ်တော့ အားလုံးက ကောင်းမွန်နေပြီး အာဟာရ ချို့တဲ့တာက အရမ်းမဆိုးဝါးတာကြောင့် လက်ခံလိုက်မိခြင်း ဖြစ်သည်။

ခရီးစောင် အိတ်တစ်လုံးနဲ့ အရင်လို ခြေသလုံး အိမ်တိုင် ပြန်လုပ်တဲ့ ထယ်ဟျောင်းက ဒီတစ်ခါမှာတော့ ဂမ့်နောက်ကိုသာ တစ်ကောက်ကောက်။ ဂမ်လမ်းညွှန်ရာ ခေါင်းညိတ်ပြီး စိတ်ဖြေနေတာ ဖြစ်သည်။

ဒီလိုနဲ့ လန်ဒန်မြို့ပေါ် စိတ်လေနေတဲ့ သူ။ လပိုင်းလောက်အတွင်း တစ်ခါမှ မြည်မလာဖူးသည့် လက်ကိုင်ဖုန်းက ထိုနေ့မှာတော့ ထယ်ဟျောင်းကို ခပ်ကျယ်ကျယ် အော်ခေါ်လာသည်။

UNTIL {Completed}Where stories live. Discover now