အပိုင်း (၄၁)

2.6K 282 12
                                    

(Unicode)

အပိုင်း (၄၁)

လက်ထိပ်နဲ့ တို့ထိပြီး Hard လာအောင် လုပ်နေတာ။

သဘောတကျနဲ့ ရယ်နေတဲ့ ဦးနဲ့ အကြည့်ချင်းဆုံတော့ မဖြုတ်ရသေးတဲ့ မျက်ကပ်မှန် ခဲရောင်တွေ။

' မချွတ်ဘဲ အိပ်မလို့လား? '

ပြောမှ သတိတရနဲ့ ထဖို့ လုပ်တော့ ဂျုံးကုက ဆွဲထားရင်း

' ကျနော့်ကိုကြည့်။ ချွတ်ပေးမယ်။ '

' ဖြည်းဖြည်းနော် '

' လူကိုဘာလို့မယုံ '

အမြဲခပ်ကြမ်းကြမ်းနဲ့ လူကို ထယ်ဟျောင်းက သိလို့ သတိပေးနေတာ ဖြစ်ပြီး ဂျုံးကုကတော့ ‌မျက်ခုံးလေး ပင့်ပြီး ပြန်ပြောသည်။

တစ်ဖက်ချင်း ဖယ်လိုက်တော့ မျက်တောင်လေးတွေ ပုတ်ခတ်သွားသည်။

' ဝါးနေရော '

ဘေးက မျက်မှန်ကို ပေးတော့မှ ဦးက အဆင်ပြေပုံ။ ပြီးစလွယ်ဘဲ မျက်ကပ်မှန်ကို စားပွဲပေါ် အမှိုက်ပစ်သလို ထားလိုက်တဲ့ ဂျုံးကု ကိုမြင်တော့ ဦးကတော့ မျက်လုံးတပြူးပြူးနဲ့

' နေအုန်း! အဲ့လိုထားရလား '

' အဲ့လိုထားရတာမဟုတ်ဘူးလား? '

တကယ် မသိတာ။

' ဆေးရည်စိမ်ပြီး သေချာသိမ်းရမှာလို့ '

' ထားလိုက်တော့ ခင်ဗျားမှာ ဒါဆင်လိုက် ရှိနေတာကို '

ထဖို့ လုပ်နေတဲ့ ဦးကိုယ်ကို ဖက်ထားတဲ့ ဂျုံးကု။

' မရဘူး။ အလကား ရတယ်ထင်လား။ ဖယ်။ '

အတင်း ရုန်းထွက်ကာ စောင်ကြီးခြုံပြီး ထသွားသူက နှာရိုးပေါ် လျောကျနေတဲ့ မျက်မှန်ကိုလည်း တပင့်ပင့်။

မှန်တင်ခုံရှေ့ ထိုင်ကာ တစ်ခုခုကို ရှာနေသူ။ ဘာဖြစ်နိုင်လဲ တွေးကြည့်သော် ‌ဆေးစိမ်ပြီး သိမ်းရမှာလို့ ပြောတာကြောင့် ဦးရှာနေတာသည် သေချာပေါက် make up box ဖြစ်သည်။

ပြန်လာပြီး ဘီရိုထဲ ထည့်ထားလိုက်တာကို ဂျုံးကု မြင်လိုက်သော် မပြောမိ။ နောက်ကို တစ်ချက်လေးမှ လှည့်မလာဘဲ တစ်ဦးထဲ အလုပ်ရူပ်နေသည်။ တစ်ခန်းလုံးလည်း စောင်ကြီး တခြုံခြုံနဲ့ လျှောက်ရှာနေသော် အခုထိ မတွေ့သေး။

UNTIL {Completed}Where stories live. Discover now