အပိုင်း (၃၄)

2.5K 277 24
                                    

(Unicode)

အပိုင်း (၃၄)

ထမင်းဝိုင်း အသင့်ဟာ သူတို့နှစ်ယောက်ကို စောင့်နေမှန်း သိသာသည်။ နောက်တစ်ဝိုင်းမှာ ရိုက်ကူးရေး အဖွဲ့သားတွေ ရှိနေပြီး တစ်ဖက်ဝိုင်းမှာတော့ သူတို့ လေးယောက်ပင် ဖြစ်သည်။

ဒီနေ့လည်း ဂျိုကိုလေးက ရောက်နေပြီး ဘွားအိမ်မှာ သောင်တင်နေသည်။ ကြားတာတော့ ဦးလေးဂျိုက ရက်ရှည် ငါးဖမ်းထွက်မယ် ကြားသည်။ ဒီတိုင်းဆို သူတို့နှစ်ယောက် ပြန်သွားရင် ဂျိုကိုလေးတော့ ပျင်းတော့မှာပင်။

' ဦးဦးက ပြန်တော့မှာပေါ့နော် '

' လိုက်ချင်လို့လား လုံးလုံးလေးရဲ့ '

ပါးဖောင်းဖောင်းလေးကို လက်ညိုး လက်မလေးနဲ့ ညှပ်ပြီး ပြောတော့ မျက်လုံးလေးတွေက မရွှင်မပြ။

' ဦးကိုပဲ လွမ်းတာလား ငါ့ကိုရော ငါက မင်းနဲ့ အရင်သိတာလေ '

ဂျိုကို အထိမခံသည့် မကြိုက်သည့် ပါးဖောင်းဖောင်းကို နှုတ်ခမ်းနှစ်လွှာနှင့် ဖိကိုက်သည့် ဂျုံးကုကြောင့် ဝမ်းနည်းပုံလေးကနေ နဂိုတိုင်း ခပ်စွာစွာလေး ဖြစ်လာသည့် ဂျိုကို။

' ဖုတွေထလာလိမ့်မယ် '

' မထပါဘူးနော်။ ဘာမှလည်း မသိဘဲ အဲ့လိုတိုင်းသာဆို ဦးမျက်နှာ ဖုတွေချည်းနေမှာ '

ပတ်ခနဲ ပြန်ပြောတဲ့ ကလေးကို ပတ်ခနဲ ပြန်ပြောမိတဲ့ ဂျုံးကုက ပြောပြီးမှ ဦးနဲ့ ဘွားကို မော့ကြည့်ဖြစ်သည်။ ဘွားဆီက အကြည့်ကြောင့် ပါးစပ်ကို ပြန်ပိတ်ပြီး ဘေးက ရေခွက်ကို ကောက်ကိုင်လိုက်သည်။

' ကလေးရှေ့တောင် ငြိမ်ငြိမ်မနေပါလား မြေးရယ်။ '

' အဲ့ဒါ ဂျိုကို့ကြောင့်လေ '

' သားနဲ့ မဆိုင်ပါဘူးနော်။ ဦးဦး ဟုတ်တယ်မလား ကိုကိုက ဆိုးတယ်မလား ကိုကို့ကို မခေါ်နဲ့နော်။ ဂျိုကို့ကိုပဲ ခေါ်။ '

' ငါဇွန်းနဲ့ ခေါက်လိုက်ရ '

' ဦးဦး !! '

တကယ် အာပြဲစိန်။ နားကို ညည်းသွားတာမို့ ဂျုံးကုကပဲ တောင်းပန်ကာ အငိုတတ်အောင် ချော့ရတော့သည်။ မျက်ရည်လည်း ထွက်တာမဟုတ်ဘဲ ဂျိုကိုတို့က တအားပို။

UNTIL {Completed}Where stories live. Discover now