FINAL

6.8K 407 73
                                    

(Unicode)

Y/N - အပေါ်တွင် (၄၄) ရှိ၏။

ဇာတ်သိမ်းပိုင်း

ဝတ်စုံပြည့်ကို သဘောမကျတဲ့ ဂျုံးကုက အဖြူရောင် ချည်သား အင်္ကျီကို 90s ခုနှစ် အနောက်တိုင်း စတိုင်လို အနက်ရောင် ဘောင်းဘီနဲ့ တွဲဝတ်သည်။

လည်ကတုံး အင်္ကျီစထပ်မှာလည်း ဆွဲကြိုးလေး တစ်ခု ရှိနေသည်။ ‌တံတောင်ဆစ် ကျော်ကျော်လောက်ထိသာ ရှည်သည့် အင်္ကျီလက်ကြောင့် မြင်နေရသည့် တက်တူး အနုပညာများ။

‌Church ကျောင်းကြီးထဲ ဂျုံးကုက ဂနာကို မငြိမ်ပါ။ အဓိကကတော့ ဂျိုကို့ကို ထိန်းနေရခြင်းကြောင့် ဖြစ်သည်။ သန့်သန့်ရှင်းရှင်းနဲ့ ကျယ်တာမို့ ပြေးဆော့နေတဲ့ ဂျိုကိုလေးကို မိုးရေတွေနဲ့ကြောင့် လဲကျမှာကို စိုးမိတာ ဖြစ်သည်။

' မတွေ့ရတာက တစ်ရက်တောင်ကို အခုထိကို ရောက်မလာသေးတာ။ တကယ်ကို ပစ်ရက်တာ။ '

ပွစိပွစိနဲ့ ဂျုံးကုက အခမ်းနားပိုင်း ဘာညာ ဘာမှ တာဝန်ယူစရာ မလိုတာမို့ အေးဆေး ဖြစ်နေတာ ဖြစ်သည်။

ထင်ထားတာက ဦးကို စောစော မြင်ရမယ် ထင်သော် မျှော်သူဟာ ယခုထိ ရောက်မလာသေး။

' အဲ့ပန်းတွေ မခူးနဲ့နော်!! အရိုက်ခံရလိမ့်မယ် '

ခုံတန်းမှာ ခြေချိတ် ထိုင်နေတဲ့ ဂျုံးကုက လက်ကလည်း ဖုန်းကို တကိုင်ကိုင်။ ဒါကို ဂျိုကိုလေးဟာ ပန်းတွေကို သွားထိနေမို့ မနည်းအော်ရသည်။

' မျက်ခုံးတွေကို တွန့်ထားပြန်ပြီ။ '

ဘေးနားကို ဝင်ထိုင်တဲ့ လူ။

' မျှော်နေရရော တကယ် ! '

ထယ်ဟျောင်း ပြုံးရယ်လိုက်သည်။ နောက်ဆုံးနှစ် Final ရက်က နီးပြီမို့ အတန်းချိန်ကို ခပ်စိတ်စိတ် ယူပြီး ပုံသွင်းနေတာကြောင့် ပစ်ထားမိတော့ သတို့သားက စိတ်ကောက်သည်။

ဆင်တူ ဝယ်တဲ့ ဒီဇိုင်းမှာ အနက်ရွေးတဲ့ ထယ်ဟျောင်းနဲ့ အဖြူရွေးတဲ့ ဂျုံးကု။ ထယ်ဟျောင်းက အပေါ်မှ အဖြူကုတ် အပါးကို ထပ်ပြီး အနက်ရောင် ပန့်နဲ့ ဝတ်လိုက်တော့ နှစ်ဦးသားက ဆန့်ကျင်ဘက်ပုံကြီးတော့ ဖြစ်မနေ။

UNTIL {Completed}Where stories live. Discover now