အပိုင်း (၃)

4.2K 441 15
                                    

(Unicode)

အပိုင်း (၃)

စားပွဲပေါ် တင်ပါးလွှဲ ထိုင်နေတဲ့ လူကို ကြည့်နေမိတုန်းမှာပဲ တဖြေးဖြေး ထိုလူ့မျက်ခုံးတွေက တွန့်ချိုးလာသည်။

ဘေးမှာ ချထားသည့် ဖုန်းရဲ့ တုန်ခါမှုကြောင့် ဂျုံးကု အကြည့်တွေက ဖုန်းမျက်နှာပြင်ပေါ်

" Dear "

အပိုအလို မရှိ ရေးသားထားသည့် ထိုစာသားဟာ ပိုင်ရှင် ရှိကြောင်း ပြ‌နေသည်။

‌ဒီလိုလူကို ဘယ်လိုမိန်းကလေးကများ မျက်စိကျသည်လဲလို့သာ တွေးမိတော့သည်။ ရိုတတ်ပုံလည်း မပေါ်သလို မျက်လုံးတွေကလည်း ခပ်သေသေ။

ဖုန်းကို လှမ်းယူပြီး နားမှာ ကပ်လိုက်တော့ အနည်းငယ် ချောင်သည့် လက်ကောက်ဝတ်နားက အင်္ကျီစက လျောကျလာသည်။

အစိမ်းရော အနီကိုပါ ရောကျစ်ထားသည့် ချည်ကြိုး လက်ပတ်အပြင် ‌အညိုရောင် လက်ပတ် နာရီကလည်း ထိုလူ့လက်ကောက်ဝတ်မှာ ကွက်တိ။

" နည်းနည်းနောက်ကျမှာဆိုပေမဲ့ ကိုယ်ရောက်အောင်လာမှာပါ "

တည်တည်ကြည်ကြည် ထိုလူ့အသံကို နားထောင်မိပြီး ထိုလူ့ကိုသာ လိုက်ကြည့်မိသည်။

ထိုတစ်ခွန်းသာ ပြောပြီး ဖုန်းကို ချပစ်တာ။

တွေ့လား။
ရိုတတ်ပုံလည်း မပေါ်ပါဘူးဆို။

ဘေးနားက ရုံးအိတ်လား ဘာလား မသိသည့် သရေအိတ်ကို လှမ်းယူပြီး ထွက်သွားဖို့ ပြင်သည်။ တံခါးပေါက်နား ရောက်မှ တစ်ချက် လှည့်ကြည့်လာသည့် ထိုလူက နေရာမှာသာ ထိုင်နေသည့် ကျနော့်ကို။

' ဆက်နေအုန်းမယ်ဆို ပြန်တဲ့အခါ တံခါးကို သေချာပိတ်ပြီးသွား '

ဒီတိုင်းပဲ ထွက်သွားသည်။

.

" ဂျွန်ဂျုံးကု ! "

ကျောင်းရဲ့ လှေကားပေါ်က ဆင်းလာတော့ ရေစိုနေတဲ့ ဆံပင်တွေနဲ့ ဂျီမင်းကို တွေ့လိုက်ရသည်။

' မင်းကိုလိုက်ရှာနေတာ အဆောင်တွေလည်း နှံ့တော့မယ်။ ငါ့ကိုများ ထားသွားပြီလားလို့။ '

UNTIL {Completed}Where stories live. Discover now