အပိုင်း (၂၂)

2.2K 274 47
                                    

(Unicode)

အပိုင်း (၂၂)

*ခွမ်း!!*

ရမ့် နားကို အုပ်ပစ်လိုက်ရသည်အထိ ခွမ်းခနဲ ကျသွားတဲ့ ဖန်ကွဲစတွေက ကြွေပြားဖြူပေါ် အစိတ်စိတ် အမြွှာမြွှာ။

' လက်ချော်သွားပြန်ပြီ '

တမင် ခွဲချပြီးတော့ !

' မင်းမူးနေပြီ ! ပြန်တော့
တို့ကို မနှောက်ယှက်နဲ့။ '

ရမ်တစ်ယောက် ရည်စားနဲ့ကွဲလာလို့ အေးအေးလူလူ ဆိုင်မှာ ထိုင်သောက်နေတာကို ဖုန်းဆက်ပြီး တွေ့ချင်တယ် ဆိုတဲ့ ကောင်လေး။

မရဘူး၊ မအားဘူး ပြောတော့ ဘားအထိ လိုက်လာပြီး သူပါ လိုက်သောက်နေသည်မှာ အတော်ကြာပြီ။ ဖန်ခွက်တွေ ခွဲနေတာလည်း မနည်းတော့ဘူး။

ချမ်းသာတာကိုး ခွဲပေါ့ ဆိုပြီး ပစ်ထားတာလည်း ကြာပြီ။

ဘာဖြစ်လာလဲ မေးစရာကို မလို ဒီနေ့က ဟိုကောင် ကင်ထယ်ဟျောင်းရဲ့ မင်္ဂလာပွဲ။ ဟက် သူက တကယ်မပြောင်းလဲဘူး။

ရမ် ထိုင်ရာမှ ထလိုက်သည်။ ဆွဲခေါ်ပြီး ပြန်ဖို့ ချော့ပြောတာထပ် သူကိုယ်တိုင် ထပြန်ရင် လိုက်ပြန်မှာကို သိတာမို့ အိတ်ကို ဆွဲပြီး ထလိုက်တော့ နောက်ကပါလာသည်။

' နေအုန်း။ မင်းက ဂျွန်ဂျုံးကု မလား ? ဟားး ဟုတ်နေတာပဲ '

ရမ်က မိတ်ဆွေလို့ တွေးပေမဲ့ ချက်ချင်းပဲ ဂျုံးကုက ထိုကောင်လေးကို ဆွဲထိုးတော့သည်။

အိုးး ငါ့ခေါင်း

ထိုးကိုက်လာသည့် ခေါင်းကြောင့် ရမ် ညည်းတွားလိုက်မိသည်။

တတ်နိုင်တာကတော့ လေးယောက် တစ်ယောက် ဖြစ်နေတဲ့ ရန်ပွဲကို အရက်ခွက်ကိုင်ပြီး ထိုင်ကြည့်နေတာပါပဲ။ ဝင်တားလည်း ရမှာတဲ့လား။

မျက်နှာကလည်း စုတ်ပြတ်နေပြီ။ သနားစရာပဲ။

" ဟေးး ကျောင်းသားတို့ တော်လောက်ပြီ ထင်တယ် "

' ဘာ? ကျောင်းသား? '

' ဘွဲ့မရသေးတဲ့ သူက ကျောင်းသားပဲပေါ့ ရဲ ခေါ်ရမလား ဒါမှမဟုတ် ပြေးမလား ? '

UNTIL {Completed}Where stories live. Discover now