ဟုတ်ပါတယ်။ သေချာတာပေါ့။ သူတကယ်ကို စိတ်ဆိုးသွားတာ ... မျက်မုန်းကျိုးသွားတာ ...
တစ်ပတ်တောင်ရှိပြီ။ စကားလည်း မပြော။ မျက်လုံးချင်းလည်း မဆိုင်။ နှစ်ယောက်သား တစ်ဆောင်တည်းနေပေမယ့် ကိုယ်က ရှေ့ပေါက်က ဝင်ထွက်ရင် သူက နောက်ပေါက်။ မနက်စာ၊ ညစာ စားရင်လည်း ကိုယ်က အဆောင်မှာစားလိုက် အကြီးအိမ်မှာစားလိုက်နဲ့။ သူကတော့ မြို့ပတ်ပြီး လျှောက်စားနေမပေါ့။ ကျွန်တော့်ကိုတောင် မခေါ်။
တစ်ခါတလေဆိုရင် အကြီးအိမ်သွားတဲ့ လမ်းက ထမင်းဆိုင်မှာ သူ့ဆိုင်ကယ်ရပ်ထားတာတွေ့ရတယ်။ ကိုယ်က စားသောက်ဆိုင်ထဲ လှမ်းကြည့်လိုက်ရင်တော့ ကိုယ်တော့်ကို မြင်ရလေရဲ့။ ပုံမှန်အတိုင်း စီးကရက်ကြီး ခဲပြီးတော့ လမ်းမဘက် ငေးနေတာ။ တရွေ့ရွေ့နဲ့ စက်ဘီးနင်းနေတဲ့ ကျွန်တော့်ကိုတော့ မတွေ့တာလား၊ မတွေ့ချင်ယောင်ဆောင်တာလားတော့ မသိတော့ပါဘူး။ ဂရုတောင် မစိုက်ဘူး။
ကျွန်တော်စီးနေတဲ့ စက်ဘီးဆိုတာကလည်း ကျွန်တော်ပဲ မကြီးနန်းကို အကူညီတောင်းခဲ့တာပါ။ အကြီးအိမ်မှာ လူမစီးတာလေး တစ်စီးတလေရှာပေးပါအုန်းဆိုတော့ မကြီးနန်းက အဆောင်သူတစ်ယောက် ချန်ခဲ့တဲ့ဘီးကို ပေးတယ်လေ။ မိန်းမစီး စက်ဘီးဆိုတော့ တန်းမပါဘူး။ အဆင်ပြေတယ်။ ဘီးသေးလို့ ခရီးသိပ်မရောက်တာကလွဲရင်ပေါ့။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံအပိုမကုန်တာနဲ့ပဲ အဆင်ပြေပါတယ်။ အောင်သူကတောင် စျေးထဲမှာ အသစ်ဝယ်ပေးရမလား မေးသေး။ ကိုယ်လည်း အကြီးကို အပူမကပ်ချင်တော့တာနဲ့ မကြီးနန်းပေးတာပဲ စီးလိုက်တော့တယ်။ အဲ့စက်ဘီးနဲ့ပဲပေါ့၊ ညနေပိုင်းတွေ အကြီးအိမ်ညစာသွားစားတဲ့အခါ အသွားအပြန် အောင်သူ့သုံးဘီးဆိုက်စကီးကြီးကို အားကိုးစရာမလိုတော့ဘူး။
စာသင်ချိန်ဆိုလည်း ကိုယ့်စာသင်ချိန်ဆိုရင် စိုင်းရှန်တစ် တစ်ယောက် လုံးဝမတက်တော့ဘူးလေ။ ကိုယ် ဂိုက်လုပ်ပေးရတဲ့ အချိန်တွေမှာပါ တခြားအခန်းထဲဝင်နေတာ။ ကျွန်တော် ဝင်နိုင်တဲ့ အခန်းတွေကို တမင်ရှောင်နေတာ။ ဒီလောက်ဆိုရင်တော့ သေချာပါပြီ။ ရှန်တစ်တစ်ယောက် ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော့်ကို ရှောင်နေတယ်ဆိုတာ။
ESTÁS LEYENDO
မေတ္တာ သစ္စာ စိန်ပန်းပြာ
Ficción Generalမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...