The End

675 41 2
                                    

"ဟားးး ... ပေါက်ပေါက်ရှာရှာ အကိုဆရာရယ် ... ဘယ်လိုလုပ်ပြီး ကျွန်တော်က အမေမြချိန်ဝင်စားတာ ဖြစ်ရမှာလည်း ..."

"ဟဲဟဲ ... သိချင်နေပြီမလား ... အကိုသိထားတာ အများကြီးရှိတယ်။ ရန်ကုန်ပြန်တုန်းကရယ်၊ ရှန်တစ် မရှိတုန်း မြင်းမိုင် စော်ဘွားရာဇဝင်ကို လေ့လာမိထားတာတွေရယ်လေ။ ကယ်ပါ ... ပြောရရင် ဇာတ်ကြောင်းရှည်တယ်။ အံ့သြလန့်ဖြန့်ပြီး စာမေးပွဲ မဖြေနိုင်လည်း ဖြစ်သွားအုန်းမယ် ... နောက်အပတ် စာမေးပွဲသာ ပြီးအောင် အရင်ဖြေလိုက်။ အဲ့ဒါပြီးရင် ဒီနေရာမှာပဲ အကုန်ရှင်းပြမယ်။ အိုကေး..."

"အင်းပါ ... ခုမရှင်းလည်းပြီးရော ... အဲ့ကျမှရှင်းတော့။ ခုတော့ ရေချိုး ထမင်းစားပြီး စာပြန်နွှေးလိုက်အုန်းမယ် အကိုဆရာရေ ... လာ ... ဆင်းရအောင် ..."

"အင်းး ... ဆင်းကြမယ် ..."

သို့နှင့် ကျွန်တော်နှင့် ရှန်တစ်မှာ နွေဦး၏ နေဝင် ဆည်းဆာရောင်ခြည်အောက်တွင် တူနှစ်ကိုယ် လက်ယှဉ်တွဲလို့ ပခုံးချင်းမှီနွဲ့ကာ တောင်ကုန်းတလျှောက် ဖြည်းဖြည်းချင်း ဆင်းခဲ့ကြတော့သည်။

ကျွန်တော်လည်း ထိုဇာတ်ထုပ်ကြီးတစ်ခုလုံးကို ရှင်းပြဖို့ စိတ်အားထက်သန်နေစိတ်ကို ထိန်းချုပ်လျက်ဖြင့် ...

***

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတည်းဟူသော ဆယ်တန်းစာမေးပွဲကြီးကျင်းပချိန် ရောက်ခဲ့ပြီ။ ရှန်တစ်တို့အတွက်တော့ စာမေးပွဲကြီးဖြေဖို့ မြို့ကြီးကနားကြီးထိသွားစရာမလို။ မြင်းမိုင်က ထွန်းနိုင်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှာပဲ ဖြေလို့ရနိုင်အောင် ဆရာမကြီးခင်မေသန်းက စီစဉ်ပေးထားရှာပါသည်။ ဒီတော့ မြို့ထိ တက်ဖြေလိုက်၊ မြင်းမိုင်ပြန်ဆင်းလိုက်နှင့် တစ်နာရီလောက် သွားပြန်ရလောက်အောင် ခရီးမကြမ်းတော့။ ကိုယ့်အိပ်ဆောင်က ထပြီး၊ စာသင်ဆောင်မှာ သွားဖြေရုံသာ။ အခန်းစောင့်သော ဆရာမတွေကတော့ ကျောင်းသားတွေနှင့် မရင်းနှီးသည့် မြို့က ဆရာမတွေ လာစောင့်ကြသည်။

ရှန်တစ်တို့ သုံးနာရီလောက် စာဖြေကြသည့်အချိန်ဆို ကျွန်တော့်မှာ စိတ်ငြိမ်အောင် မနည်းထိန်းရသည်။ စာဖြေဆောင် အနားလည်း သွားမရဘူးဆိုတော့ ကိုယ့်ရှယ်အဆောင်မှာပဲ စင်္ကြန်ပတ်လျှောက်လိုက်၊ တောင်ကုန်းပေါ် တက်ပြီး ရှုခင်းပုံတွေ၊ မြင်းမိုင်မြို့နောက်ခံပုံတွေ ပန်းချီဆွဲလိုက်ပေါ့။ ပြောရရင် ဒီရောက်ကတည်းက ရှုခင်း ပန်းချီဆွဲဖို့ဆိုပြီး အားတင်းခဲ့သည်မှာ အခုမှပဲ ဆွဲရတော့သည်။ ရှုခင်းတွေကလည်း လှပါ၏။ အရောင်ကလည်း ကြွပါ၏။ စိန်ပန်းပင်အောက်ဆိုတော့ တခါတလေလည်း ပွင့်ရွက်တွေ ကြွေကျပါသည်။ သို့သော်လည်း ထိုအလှများစွာထဲတွင် စိတ်ကတော့ မငြိမ်။ တစ်ယောက်သောသူရှိရာ စာမေးပွဲခန်းဆီသို့သာ အာရုံရောက်လျက်နေပါသည်။

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now