(၁၆) Unicode

210 30 2
                                    

ဆရာမကြီးနဲ့ ရှန်တစ်တို့ စကားများတဲ့နေ့က အတော်လေး ဖြစ်ပျက်သွားခဲ့သည်။ ကျွန်တော့်မှာလည်း လက်လွန်ကြက်သွန်ဖြစ်သွားတဲ့ နားလည်မှုလွဲမှားတာအတွက် ဘယ်သူ့ကို ဘယ်လိုလိုက်ရှင်းပြရမှန်းတောင် မသိ။ ပြဿနာကလည်း ကျွန်တော့်စာအုပ် ရှန်တစ်ကို သွားယူခိုင်းရာက မီးစပျိုးပေးလိုက်သလို ဖြစ်သွားတာလေ။ သူတို့အချင်းချင်းလည်း တစ်ယောက်ကိုတစ်ယောက် ပြောဖို့စကားတွေ ဘယ်ကတည်းက စဉ်းစားထားကြလည်း မသိပါဘူး။ ပွင့်ခါနီး မီးတောက်က ကျွန်တော့်ကြောင့် ပေါက်ကွဲသွားခဲ့တယ်လို့ထင်တာပဲ။

ကျွန်တော်လည်း တစ်နေကုန် စာသင်၊ ဂိုက်ဝင်၊ ညစာစားပြီးတော့မှ ကိုယ့်အဆောင်ပြန်ရောက်တယ်။ ရှန်တစ်နဲ့လည်း တစ်နေကုန် မျက်နှာချင်း မဆိုင်ရဲဘူး။ ဒေါသအိုး ပေါက်ကွဲပြီးစဆိုတော့ သွားမငြှိမ်းရဲသေးဘူးလေ။ လောင်တဲ့မီး အရှိန်ငြိမ်မှပဲ ဖြေလျော့ပေးတော့မယ်လို့ စဉ်းစားမိတယ်။

ဒီလိုနဲ့ အဆောင်ပြန်ရောက်တော့ ည၇နာရီ။

အဆောင်ဝင်ဝင်ချင်းမှာပဲ ဧည့်ခန်းမှာထိုင်နေတဲ့ ဘရစ်နီနဲ့တွေ့ရော။ ဘရစ်နီက ရေနွေးဓာတ်ဘူး တယ်ပြီး တစ်ကိုယ်တော် ခေါက်ဆွဲပြုတ်စားနေတာ။ ကျွန်တော့်ကို တွေ့တော့ လက်ယပ်ပြီး လှမ်းခေါ်တယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ လေစကားတွေ ပြောလို့။ ဘာတွေပြောနေမှန်း ကျွန်တော်လည်း မကြား။ ဧည့်ခန်း ခုံအလွတ်မှာဝင်ထိုင်ပြီး အနားကပ်လိုက်တော့မှ ...

"ဒီနေ့ စာသင်ခန်းထဲမှာ အတစ်နဲ့ ဘွားတော် ပွဲကြီးပွဲကောင်းဖြစ်ကြတယ်ဆို ...ဆရာမင်း ..."

ဘရစ်နီမှာ အသင့်စားခေါက်ဆွဲဘူးထဲ ရေနွေးဖောက်ထည့်ရင်းက စိတ်ပူပင်စွာ မေးရှာသည်။

"အင်းးး ... အကို့ရှေ့မှာပဲ ဖြစ််သွားတာ။ ဆရာမကြီး အော်တာတော့ တစ်ခန်းလုံးကြားတယ်။ ရှန်တစ်ကတော့ ဆရာမကြီးနဲ့ နှစ်ကိုယ်ကြားရုံပြောသွားတာ။ ဒါမဲ့ အကိုတော့ ကြားလိုက်တယ် ..."

"အင်းးး ... အဲ့ဒါပြောတာ။ အတစ်ကလည်း အတစ် ... ဘွားတော်၊ အဲ့လေ ဆရာ့ကြီးတော် ဆရာမကြီးနဲ့ တွေ့ရင် ရှောင်လိုက်ပေါ့ ... နှစ်ယောက်လုံးအတွက် အကျိုးမရှိတာကြီးကို ..."

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now