"ဟားးး လုပ်ပြီ ... ဒါ ဘယ်ကလာ ကျွန်တော့်ကောင်မလေးဖြစ်ရမှာလည်း ... ဒါ ကျွန်တော့်သူငယ်ချင်း ... ကျွန်တော့် ဆိုင်ကယ်ပြင်နေကျ ဝပ်ရှော့က သူ့အဖေဟာ ... ငယ်ငယ်ထဲက ခင်လာတဲ့ သူငယ်ချင်းမှ သူငယ်ချင်းစစ်စစ်တွေပါ အကိုဆရာရယ် ... ပြီးတော့ ... သူက အကိုဆရာထင်သလို မိန်းကလေးမဟုတ်ဘူးဗျ ... သေချာလည်းကြည့်ပါအုန်း ..."
ဟုတ်ပါရဲ့။ ကျွန်တော့်ရှေ့မှာ ရပ်နေတဲ့ ရှန်တစ်ဘေးက ကောင်မလေးက တကယ်တမ်းတော့ ကောင်လေးဗျ။ ရွှေရောင်ဆံပင်ရှည်နဲ့ ပိန်သွယ်သွယ်နဲ့မို့ အနောက်ကကြည့်ပြီး ကောက်ချက်ချမှားလိုက်တာ။
***
အဲ့တာက ဘယ်လိုဖြစ်လည်းဆိုတော့ အရင်အပိုင်းက ကျွန်တော်ပြောခဲ့တာလေ။ အဆောင်ကို ကျွန်တော်ပြန်ရောက်တာတောင် ဂရုမစိုက်ကြပဲ လျှောက်လမ်းအလယ်ခေါင်ကြီးမှာ ဖက်ကင်းနှုတ်ဆတ်နေကြတာ။ တကယ့်ကို လိုက်ဖက်ကြည်နူးချင်စရာကောင်းတဲ့ အတွဲပဲလို့တောင်မှတ်ချက်ပေးလိုက်သေး။ ကိုယ်ကတော့ ဘာမှန်းမသိ ဝမ်းနည်းမိတာပေါ့။
ပြီးတော့မှ ကျွန်တော်လည်း ရေချိုးပြီးပြန်လာရော သူတို့နှစ်ယောက်က ကျွန်တော့်အခန်းရှေ့က ဧည့်တွေ့ခန်းမှာ ကျွန်တော့်ကို ထိုင်စောင့်နေကြတာလေ။ ပြီးတော့ ဟိုအသစ်ရောက်လာတဲ့ ကောင်မလေးက ညစာလိုက်ကျွေးချင်လို့ အကိုဆရာ့ကိုပါ ဖိတ်ဖို့ စောင့်နေကြတာတဲ့။ အဲ့ဒါကို ကျွန်တော်က သေချာမသိသေးတော့ ...
"ညီတို့ နှစ်ယောက်ပဲ လွတ်လွတ်လပ်လပ်သွားစားကြပါ ... အကိုပါရင် အနှောက်ယှက်ဖြစ်နေမယ်" လို့ပြောတော့ ...
"ဘာလို့ အနှောက်ယှက်ဖြစ်ရမှာလည်း ..."ဆိုပြီး ရှန်တစ်က ပြန်အမေး ...
"ဟို ... အကိုက Third Wheel ဖြစ်နေမှာပေါ့ ညီရယ် ... ညီက ကောင်မလေးနဲ့ ..." လို့ ကျွန်တော်လည်း ပြန်ပြောလိုက်ရော နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဟားတိုက်ရယ်လိုက်ကြတာ ... တစ်ဆောင်လုံး သောသောကို ညံပါရော။ ရှန်တစ်က ရယ်လို့ ဝတော့မှ ...
"ဟားးး လုပ်ပြီ ... ဒါ ဘယ်ကလာ ကျွန်တော့်ကောင်မလေးဖြစ်ရမှာလည်း ... ဒါ ကျွန်တော့်သူငယ်ချင်း ... ကျွန်တော်ပြင်နေကျ ဝပ်ရှော့ဆိုင်က သူ့အဖေဟာ ... ငယ်ငယ်ထဲက ခင်လာတဲ့ သူငယ်ချင်းမှ သူငယ်ချင်းစစ်စစ်တွေပါ အကိုဆရာရယ် ... ပြီးတော့ ... သူက အကိုဆရာထင်သလို မိန်းကလေးမဟုတ်ဘူးဗျ ... သေချာလည်းကြည့်ပါအုန်း ..."
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...