(၈) Unicode

322 33 6
                                    

"တီးးး တီးးး တီးးး တီး တီး ... တီးးး တီးးး တီးးး တီး တီး ..."

နှိုးစက်သံကြားပြီး နိုးလာတော့မှ စားပွဲပေါ်ခေါင်းမှောက်ရင်း အိပ်ပျော်သွားခဲ့မှန်းသတိရ၏။ ပြီးတော့ ညက အဖြစ်အပျက်တွေ ခေါင်းထဲ တစီတတန်းကြီးပုံရိပ်ပြန်ပေါ်လာတော့ ဘေးက ကုတင်ကို လှည့်ကြည့်လိုက်ကာ ...

"ရှန်တစ် ... နိုးနေပြီလား ..."

ဟုတ်ပါရဲ့။ ရှန်တစ်က ဘေးတစောင်းလှဲနေရင်းက ကျွန်တော့်ဘက်ခြင်းကို စောင်းကြည့်နေတာ။ မျက်လုံးသေကြီးတွေနဲ့ ... ကျွန်တော်က နိုးပြီလားမေးတော့ ခေါင်းငြှိမ့်ပြရှာသည်။ ပါးစပ်နှင့်တော့ မဖြေ။

"နေလို့ကောင်းလား ... ခေါင်းမူးနေလား ... ခေါင်းမူးရင် မနက်စာ သွားစားကြမယ်လေ ..."

ကျွန်တော်ကသာ မေးခွန်းတွေမေးပြီး မနက်စာသွားစားဖို့ ကြောင်းလမ်းနေပေမယ့် ရှန်တစ်က ပြင်းကြောတောင် မဆန့်။ မလှုပ်မယှက်နဲ့ ငြိမ်နေတုန်း။ အမူးမပြေသေးတာလား၊ အရက်နာကျနေတာလား မသိ။ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေရင်း တော်တော်လေးကြာတော့မှ ရှန်တစ်ပါးစပ်ဖျားက ခပ်တိုးတိုး ရေရွတ်လာသည် ...

"အကိုဆရာရဲ့ ကြီးတော်က ကျွန်တော့်အကြောင်း ဘာတွေပြောထားသေးလဲ ..."

ကျွန်တော်လည်း တံတွေးမြိုချရမလို ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။ အကြီးပြောလိုက်တဲ့အတိုင်းတော့ အကုန်ဖောက်သည်ချလိုက်လို့ မဖြစ်ဘူးလေ။ အကြီးနဲ့ ရှန်တစ်အကြား အမုန်းပွားသလို ဖြစ်သွားမှာပေါ့။ ပြီးတော့ ရှန်တစ်လည်း စိတ်ဓာတ်ကျသွားနိုင်သည်။ လူတိုင်းမှာ သူ့အကြောင်းရင်းနဲ့ သူ မဟုတ်လား။ ကျောင်းသားတစ်ယောက်မှာလည်း စာမကြိုးစားချင်တဲ့ အကြောင်းရင်းတွေ သူ့ဟာနဲ့သူ ရှိမပေါ့။ ဒါနဲ့ပဲ စကားကို လှအောင်ပြောလိုက်ရသည်။

"အင်းးး ... ကျောင်းအုပ်ဆရာမကြီးက ရှန်တစ်လေးကို စောင့်ရှောက်ပေးပါတဲ့။ ဂရုစိုက်ပေးပါတဲ့ ... ဒါပဲပြောပါတယ် ..."

သူကတော့ ကိုယ့်မျက်နှာကို မယုံသင်ကာသလိုကြည့်တုန်း။ ပြီးတော့ မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြုန့်လိုက်သေးတယ်။ ပြီးတော့မှ ပြန်ဖြေလျော့လိုက်ပြီး နွမ်းလျလျအပြုံးနှင့် ...

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now