(၃၀) Unicode

419 37 2
                                    

ပင်လယ်ဆိုတာတော့ လှိုင်းလုံးတွေ လှိမ့်လိုက်၊ ပွန်းတိုက်လိုက်၊ မုန်တိုင်းထန်လိုက်နှင့် နောက်တော့လည်း ရေငြိမ်သွားပြန်သည်။

ကောင်းကင်ဆိုတာလည်း နေသာလိုက်၊ မိုးရွာလိုက်၊ လေပြင်းတိုက်လိုက်။ တိမ်ထူ တိမ်အုံ့ တိမ်ပါး တိမ်ညို တိမ်လွှာ တိမ်အစိတ်အပိုင်းအစုံတွေ ပြေလွှားဆော့ကစားကြရင်း သက်တန့်ဖွက်တိုင်း ဆော့ကစားလိုက်နှင့်။ အချိန်တန်တော့လည်း လ၊ ကြယ်များစွာနှင့် ငြိမ်သက်အိပ်မောကျရပြန်သည်။

ဒီလိုပဲ ... လူ့ဘဝရော ဘာထူးသလဲ။

ကျွန်တော်နဲ, ရှန်တစ်ရော ဘာထူးသလဲ။ ခုတော့ မုန်တိုင်းထန်ပြီး လေပြင်းတိုက်ပြီးနောက် ရေငြိမ်မှာ သက်တန့်ကွန့်မြူးနေသလို။ ငြိမ်သက်လွမ်းမောစရာ ကောင်းရပြန်သည်။

ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည့် အရာများစွာရှိသည့်အနက် ကျောင်းဝင်းကြီး အကြောင်းကို အရင်ပြောပါမည်။ ကျောင်းဝင်းကြီးကတော့ နဂိုရှိရင်းစွဲအတိုင်း စာသင်ချိန်သင်၊ စာကျက်ချိန်ကျက်၊ ရေချိုးချိန်၊ စားသောက်ချိန်၊ နားချိန် လွတ်လပ်နှင့်။ နေ့စဉ်ပုံမှန်ဖြတ်သန်းလို့။

ထိုနေ့စဉ်ဘဝများထဲမှ ခေတ္တလောက် သွေဖီသွားသူမှာကား ကျွန်တော်နှင့် ရှန်တစ်သာ။ ခုတော့ သူလည်း ကျောင်းသားပြန်လုပ်၊ ကျွန်တော်လည်း ဆရာပြန်လုပ်။ ရှန်တစ်ခမျာလည်း အချိန်မှန် လေ့ကျင့်ခန်းလုပ်၊ ဆေးသောက်ရမည့်အချိန်သောက််ရင်း စာကို ကြိုးစားသင်ရရှာသည်။ စာကျက်ချိန်တွေတော့လည်း နေမကောင်းဖြစ်ခဲ့သူဆိုတော့ တခြားကျောင်းသားတွေလောက် တင်းကျပ်လို့မရ။ သူ့ခမျာတော့ စာကျက်ချိန်များများ လာကျက်ရှာပေမယ့် ညဉ့်နက်ချိန်တွေ မနက်အစောပိုင်းချိန်တွေဆိုရင် ကျွန်တော်ကပဲ သူ့ကို အဆောင်မှာ အိပ်ဖို့ ခွင့်ပေးရပါသည်။

သူ့ကိုလည်း အိပ်ရေးဝအောင် စိတ်ချမ်းသာအောင် မပင်ပန်းအောင်လည်း ထားပေးရသည်လေ။ ညဘက်တွေဆိုလျှင် သူနှင့် အတူတူပဲ အိပ်ဖြစ်တော့သည်။ ရှန်တစ်ပြန်ရောက်ကတည်းက ကျွန်တော့် ကုတင်၊ အိပ်ယာ၊ စာအုပ်တွေနှင့် အဝတ်တွေပါ တပါတည်း အပေါ်ထပ်ပြောင်းရွေ့လိုက််၏။ ကျွန်တော့်ကုတင်နှင့် ရှန်တစ် ကုတင်ကြားတွင်တော့ စာကြည့်စားပွဲ တစ်လုံးစီခြားထားပါသေးသည်။

မေတ္တာ သစ္စာ စိန်ပန်းပြာOù les histoires vivent. Découvrez maintenant