ဟားးးး ...ကျွန်တော် အနမ်းခံလိုက်ရတယ်။ ကျွန်တော့် ပါးပေါ်ကို အနမ်းခံလိုက်ရတယ်။ ရှန်တစ်ရဲ့ ပါးစပ်နဲ့ ...ကျွန်တော့် ပါးတော့ သူ့အာနံ့တွေ ကူးကုန်တော့မှာပဲ ... အားးး။ ကျွန်တော့်မှာ စနိုးတာဝါအထပ်ထပ်နှင့် ကိုယ့်ပါးကိုယ် ပြန်သုတ်နေမိသည်။
"ဟိတ် ဟိတ် ... သိပ်မသုတ်နဲ့နော် ... စာချုပ်လက်မှတ် ပျက်သွားရင် အသစ်ပြန်ထိုးရမယ် ...အကိုဆရာရေ ... ဟားဟားဟား"
"ဒီလောက် အာပုတ်စော် နံနေတာ။ ဒီတစ်သက် ပျက်မှာမဟုတ်လောက်ဘူး။ သေပါပြီ ... ဒါ အလစ်တိုက်ခိုက်ခြင်းပဲ ... အနုကြမ်း စီးမှုပဲ"
"အဲ့တော့ ဘာဖြစ်လဲ ... ဘာပုဒ်မနဲ့ တရားစွဲမို့လဲ အကိုဆရာက။ ငြင်သာစွာ နမ်းရှိုက်ခံရခြင်း ပုဒ်မလား ... ဟားဟားဟားး ... အကိုဆရာ မကျေနပ်ရင်လည်း ကျွန်တော် လူပုံအလယ် ပြန်တောင်းပန်ပေးမယ်လေ။ "ပါး နမ်းလိုက်မိလို့ တောင်းပန်ပါတယ် အကိုဆရာရေ" ဆိုပြီးတော့ Facebook မှာ Tag တင်လိုက်မယ် ...နော် ... ကြာပါတယ် ... အခုပဲ တောင်းပန်လိုက်တော့မယ် ..."
"ဟားးး ... မလုပ် ... မလုပ်နဲ့လေ ..."
"ဘာတွေ ရှက်နေတုန်း။ သူကျတော့ ညစ်ပတ်တာက လူနဲ့တည့်တယ်တို့ ဘာတို့လျှောက်ပြောပြီး အဲ့ညစ်ပတ်ပတ် ပါးစပ်နဲ့ နမ်းတာကိုပဲ ရွံနေလိုက် ... တော်ပြီ။ ကတိဖျက်လိုက်တော့ ... အာ့ဆိုလည်း ..."
"ဟားး ... မရဘူး ... ပေးပြီး ကတိ မဖျက်ရဘူး ..."
"ဒါဆို အနမ်းခံပြီး ပါးကလည်း ပြန်မပွတ်ရဘူး ... ကျွန်တော့် မေတ္တာငွေ့တွေ ပျက်ကုန်မယ်"
"စကားတွေ တယ် တတ်နေတယ်ပေါ့ ...ကိုရှန်တတ်ရေ"
"တတ်တတ်ပဲ ... ဒါပဲ ... အိပ်တော့မယ်။ ကျေနပ်သွားပြီ။ ဒါနဲ့ အနမ်းပြယ်ရင် ကတိပြယ်တတ်တယ်နော် အကိုဆရာ။ ... လွယ်လွယ်ပေးတဲ့ ကတိမဟုတ်သလို လွယ်လွယ်ပေးတဲ့ အနမ်းလည်းမဟုတ်ဘူး ... တန်ဖိုးထားပါ ... ဟဲဟဲ"
"ဇောက်ကောင်လေးး ..."
ကျွန်တော့် လက်ထဲကိုင်ထားတဲ့ စနိုးတာဝါနှင့်သာ သူ့ကို လှမ်းပစ်ပေါက်လိုက်တော့သည်။ သူကတော့ ပြုံးလျက် ... ခွေအိပ်သွားရှာပြီ။
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...