(၂၆) Unicode

264 31 0
                                        

"ကိုရှန် သက်သာလား ..."

"အေး ... မနက်ပိုင်းတွေ တဂိဂိ တက်တာကလွဲရင် သက်သာပါတယ် ...။ မင်းတို့ကောင်တွေရော မြင်းမိုင်မှာ ငါမရှိတော့ သောင်းကျန်းနေကြမှာပေါ့။ ငါ့အဆောင်တော့ မပြိုကျစေနဲ့နော်။ ငါသရဲလိုက်ခြောက်မှာ ..."

နွေဦးနှင့် သော်ကမှာ ရှန်တစ်၏ အော်ငေါက်သံကြားတော့ ပြုံးဖြီးဖြီးနှင့်။ ဒီလို ငေါက်သံတွေတောင် မကြားရတာကြာပေါ့။

"ဟားး ... အကိုကလည်း နောက်ပြန်ပြီ။ လူကိုယ်တိုင် ပြန်လာခြောက် ... သရဲတော့ မဖြစ်စေနဲ့နော် ...ဟဲဟဲ ... မသောင်းကျန်းကြပါဘူး။ လွမ်းနေကြတာ။ ကိုရှန်မရှိတော့ အဆောင်က ခြောက်ကပ်နေရော ... ကျွန်တော်တို့တောင် အကို့အပေါ်ထပ်ကို သန့်ရှင်းရေး တက်လုပ်ထားပေးတယ် ... မကြီးဘစ်နီက ညနေဆိုရင် ငိုပြီ။ အကို့လွမ်းလို့တဲ့ ..."

"သောက်ပို ... သူ့အောင်သူပဲ သူလွမ်းတာ။ ဟားဟား။ ဒါနဲ့ သြသြကော။ မင်းတို့ နှစ်ကောင်တည်း လာတာလား။ ..."

"အော် ...သြသြက ဆိုင်ကယ်ပျက်လို့ သွားပြင်တယ်ဆိုလား။ အာ့ကြောင့် မလိုက်လာဖြစ်တာ။ သူ့ဆိုင်ကယ်က အစတည်းက စုတ်နေတာလေ။ အကို့ကို သတိရကြောင်းတော့ မှာခိုင်းလိုက်တယ် ..."

"အင်းပါ ... မင်းတို့ဟာ မင်းတို့ နှစ်ယောက်တည်း တက်လာတယ်ဆိုလည်း ရပါတယ်။ လျို့ဝှက်စရာ မလိုပါဘူးကွာ ..."

"ဟားးး ... အကို ဘယ်လိုလုပ်သိ ..."

ရှန်တစ်က သူတို့နှစ်ယောက်ကို မျက်လုံးတစ်ဖက်သာ အသာမှိတ်ပြလိုက်ပြီး ...

"ငါက အဆောင်ထိန်းပဲဟာ အကုန်သိတာပေါ့။ မင်းတို့ ဇာတ်လမ်း ငါမသိရင် ခက်မယ်။ ငါပြန်လာရင် တစ်ဝိုင်းကျွေးဖို့သာပြင်ထား။ ..."

"ဟီးးး ဟီးးး ..."

နွေဦးမှာ ဇာတ်ကလေး ပုဝင်သွားကာ သော်က ပခုံးကိုလှမ်းကိုင်လိုက်၏။ သော်ကမှာလည်း ခေါင်းလေးငုံ့လို့၊ နီအမ်းနေသောမျက်နှာကို မပြရဲ၊ ပြရဲဖြင့်။

ဒုက္ခပါပဲ။ ကျွန်တော့် လက်ထပ်ပွဲလေး ဖျက်ဖို့ တစ်လလောက်လေး ရန်ကုန်ပြန်သွားတာ အဆောင်မှာဘာတွေဖြစ်ပျက်သွားလဲ လိုက်မမှီတော့ဘူး။

မေတ္တာ သစ္စာ စိန်ပန်းပြာTahanan ng mga kuwento. Tumuklas ngayon