(၁၉) Zawgyi

12 2 0
                                    

ရုပ်ရှင်ပြီးလို့ ရုံက ထွက်တော့ နှစ်ယောက်စလုံး အဲ့ဒီအကြောင်း မ,ဟကြ။ ကျွန်တော်တောင် ရှန်တစ်ရဲ့ သရဲကြောက်တတ်ပုံလေးတွေ စ,နောက်ဖို့ ရည်ရွယ်ခဲ့တာတွေ မ,စနိုင်တော့ဘူး။ ရှန်တစ်ရဲ့ မျက်လုံးတွေလည်း ပြန်လည် ခြောက်သွေ့သွားပါပြီလေ။

သာယာခဲ့တဲ့ အခိုက်အတန့်ကို သာယာခဲ့ပြီးတဲ့နောက်မှာ အကျိုးဆက်တစ်ခု ဖြစ်ပေါ်လာဖို့အတွက် အဆင်သင့်မဖြစ်သေးကြတာလို့ ပြောရမှာပဲ။ အကယ်၍ တစ်ယောက်ယောက်ကသာ အဆင်သင့်ဖြစ်ပြီဆိုရင် ထုတ်ပြောလိုက်မှာပေါ့။ အကျိုးဆက်ကို ရင်ဆိုင်လိုက်မှာပေါ့။ ရင်ထဲက ခံစားချက်တွေ ရင်ထဲ ဘယ်ဖွက်သိမ်းထားမလဲ။

အခုတော့ ... ရုံပြင်ရောက်တာနဲ့ ... ရင်တွင်းခံစားချက်ထက် ပိုအရေးကြီးသော ဝမ်းဗိုက်ခံစားချက်က ရှေ့တန်းရောက်ကာ ...

"ဗိုက်ဆာလိုက်တာဗျာ ... တစ်ခုခု စားရအောင်။ အကိုဆရာ ဘာစားချင်လဲ ..."

"စပ်တဲ့ဟာမျိုး စားချင်နေတယ်။ မိုးအေးအေးနဲ့ဆိုတော့ ... ဟ ... ဟိုဆိုင် စားကောင်းမယ့်ပုံပဲ။ အကို စားချင်နေတဲ့ဟာ ရတယ်တဲ့"

ရုံထဲက ထွက်လာတော့ အပြင်မှာ မိုးဖွဲဖွဲ ကျနေသည်။ ရှန်တစ် ပြောသလိုပဲ ဗိုက်က ဆာနေပြီ။ ရုပ်ရှင်ရုံ တစ်ဖက်ခြမ်းက တရုတ်စားသောက်ဆိုင် ကြော်ငြာမြင်ပြီး ရန်ကုန်ကိုတောင် လွမ်းသွားတယ်လေ။ ရန်ကုန်မှာ စားနေကျ အစားစာတစ်ခုကို နေရာဒေသ အပြောင်းအလဲမှာ ပြန်စားချင်စိတ်တွေပေါ်လာတာ။ ဒါနဲ့ပဲ ကျွန်တော့်ဦးဆောင်မှုကြောင့် နှစ်ယောက်သား အဲ့ဆိုင်ထဲ ဝင်သွားကြပါလေရော။ အထဲရောက်တော့ ရှန်တစ်ကပဲ မှာပါတယ်။ ထုံးစံအတိုင်း သူမှာရင် မြန်တယ်ဆိုပြီးပေါ့။

"မာလာရှမ်းကော ... ပွဲကြီး ... ဝက်သားနဲ့ ... မြန်မြန်လေး ..."

စားပွဲထိုးမှာ သူမှာသမျှ လိုက်ရေးမှတ်ရင်း မြန်မြန်လေးလို့လည်း ဆိုရော ရယ်ပြရှာသည်။ ကိုယ့်ရှေ့က မှာထားတဲ့ ပွဲတွေတော့ စောင့်ရလိမ့်အုန်းမပေါ့။ မြင်းမိုင်မှာလို အခုမှာ၊ အခုရတဲ့ ဆိုင်တွေ မဟုတ်တော့ဘူးလေ။

"အစပ် ... အထုံ ... ပုံမှန်ပဲလား အကို"

စားပွဲထိုးလေးက ပြန်မေးတော့ ရှန်တစ်တစ်ယောက် ခေါင်းကုတ်နေ၏။ ပြီးတော့ ကျွန်တော့်ဘက် မျက်နှာလှည့်ကာ ...

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now