(၁၅) Unicode

202 30 0
                                    

ဒီလိုနှင့် ဇွန်လကုန် အခန်းခွဲ စာမေးပွဲလေး စစ်လို့ပြီးသွားခဲ့သည်။ စာမေးပွဲရဲ့ ရလဒ်အဖြစ် သတင်းကောင်းနှင့် သတင်းဆိုးနှစ်ခုက ကျွန်တော့်ခေါင်းထဲ ဝေ့ပတ်လို့။

သတင်းကောင်းက ရှန်တစ် စာအသားကုန်ကြိုးစားခဲ့သည်။ နေ့ည မအိပ်မနားခဲ့။ သူတစ်ယောက်တည်းတောင် မဟုတ်။ တစ်ဆောင်လုံးက ဘရစ်နီ၊ သော်က၊ နွေဦးလှိုင်၊ သြရသတို့ပါ ကြိုးစားခဲ့ကြ၏။ ဂိုဏ်းချုပ်ကြီးကို ချုပ်ကိုင်လိုက်တာနဲ့ အားလုံး အကျင့်ကောင်းရသွားတာ အံ့သြစရာကောင်းပါ့။

သတင်းဆိုးကတော့ ရှန်တစ် ဘီခန်းသာ ရသည်။ ကျန်တဲ့ ငါးယောက်စလုံးကတော့ အေခန်းတွေ ရောက်ကုန်ကြလို့။ သူတစ်ယောက်တည်း မအောင်မြင်ခဲ့တဲ့ အဖြစ်ကို ကျွန်တော်သာမက ဘော်ဒါတစ်သိုက်လုံး ရင်ခံနေကြရသည်။

အခန်းခွဲတဲ့စာရင်းထွက်ပြီး နောက်တစ်နေ့ မနက်စာသွားစားတော့ ကျွန်တော်တို့ အားလုံးမျက်နှာ မလှ။ ရှန်တစ်ကတော့ ခပ်အေးအေးလူလူပင်။ ဘာမှကို ဂရုမစိုက်တဲ့ပုံစံ။ ကြိုးစားခဲ့ရသမျှ ကိုယ်ရည်မှန်းထားတာ မရခဲ့လို့ စိတ်ပျက်သွားတဲ့ ပုံစံမျိုးမရှိ။ ကျန်တဲ့သူတွေကသာ သူ့အစား ဝမ်းနည်း စိတ်မကောင်းဖြစ်ကြရသည်။ သို့ပေမယ့် သူ့အရှေ့တော့ ဘယ်သူမှ မပြောထွက်။ မနက်စာ တစ်ဝိုင်းလုံး တိတ်ဆိတ်လို့။ ဒီတော့ ကျွန်တော်ကပဲ ရွှင်ရွှင်မြမြဖြစ်သွားအောင် စကား စ,လိုက်ရသည်။ ဒီလိုပုံစံကြီးနဲ့ ရေရှည်သွားလို့တော့ မဖြစ်ဘူးလေ။

"ကယ် ... ဒီမနက်စာ ဆရာကျွေးပါရစေနော် ... စာမေးပွဲမှာ အားလုံးကြိုးစားခဲ့တဲ့ အထိန်းအမှတ်အဖြစ်"

"ဟားးး ... ဒါမှ ဒို့ဆရာကွ ... အဟဲဟဲ ... တို့ဟူးကြော်လေး နောက်နှစ်ပွဲလောက်ထပ်မှာမယ်နော် ဆရာ"

အခြေနေကို ရိပ်မိတဲ့ နွေဦးကတော့ သွက်သွက်လက်လက်ပဲ ကျွန်တော့်ကို ထောက်ပံ့ပေးရှာသည်။ ဘရစ်နီကတော့ ရှန်တစ်အရိပ်ကို တကြည့်ကြည့်။ သော်ကနဲ့ သြရသတို့နှစ်ယောက်ကတော့ အစတည်းက အနေအေးတဲ့ ကောင်တွေဆိုတော့ ဘာမှဝင်မပြောကြ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြည့်မျိုးတွေနဲ့ပဲ ကျွန်တော့်ကို တစ်ချက်ခေါင်းဖော်ကြည့်ကြပြီး ငုံ့စားမြဲ စားနေကြပြန်သည်။ ဒီလိုနဲ့ မနက်စာ ဝိုင်းကြီးက တိတ်ဆိတ်သွားပြန်ရော။ ကျွန်တော်ကပဲ ဆက်ပြီးတော့ ...

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now