(၁၇) Unicode

222 32 2
                                    

ည၉နာရီထိုးပြီ။

မိုးမရွာတဲ့ညမို့ အဆောင်ပြင်ထွက်ပြီး ဆေးပေါ့လိပ်ဖွာနေမိ၏။ အတွေးထဲမှာလည်း ဘရစ်နီပြောသွားသမျှ စိုင်းရှန်တစ်ဟူသော ကောင်ကလေး၏ စော်ဘွားမျိုးရိုးနှင့် မိသားစုထဲ တစ်ကောင်ကြွက်လို ကျန်ခဲ့သည့် ဘဝကို တွေးပြီးရင်းသနား၊ သနားပြီးရင်း တွေးနေမိသည်။

တော်ပါပြီလေ။ မထူးတော့ဘူး။ ကျွန်တော့်ရဲ့ ရှန်တစ်အပေါ် သနားကရုဏာစိတ်တွေက ကျွန်တော့်ရဲ့ တွန့်ဆုတ်ဟန့်တားတတ်တဲ့ ပကတိပင်ကိုယ်ဓာတ်တွေကို ကျော်လွန်သွားခဲ့ပြီ။

သောက်လက်စ ဆေးပေါလိပ် အတိုကို မြေကြီးပေါ်ချနင်းလိုက်ကာ စိုင်းရှန်တစ် ရှိနေမယ်လို့ ထင်ရတဲ့ သူ့အပေါ်ထပ်ဆီသာ တက်သွားလိုက်တော့သည်။ ရှန်တစ်ရဲ့ ဆိုင်ကယ်ကလည်း အဆောင်ဘေး ထိုးနေကျနေရာမှာ ရှိနေတာဆိုတော့ အပေါ်ထပ်မှာ ရှန်တစ်ရှိနေမှန်း သေချာလောက်ပါပြီလေ။

လှမ်းလိုက်တိုင်း တကျွီကျွီမြည်ပြီး အိကျနေသော လှေကားကို တက်ရင်း အပေါ်ထပ်ရောက်တော့ ကုတင်ပေါ် ပက်လက်လှဲနေသည့် ရှန်တစ်၏ သဏ္ဍာန်ကို တွေ့လိုက်ရပြီ။ ကျွန်တော်လည်း ရှန်တစ်အနားကို တဖြည်းဖြည်းတိုးကပ်သွားတော့ ...

"အကိုဆရာ အခုတော့ ကျွန်တော့်အကြောင်းသိပြီပေါ့။ မပြောပြခဲ့တာ ဆောဒီးပါ ..."

"ရပါတယ် ... ရှန်တစ် ... "

ရှန်တစ်ကို ကြည့်ရသည်မှာ ကျွန်တော်နှင့် ဘရစ်နီတို့ အဆောင်ဧည့်ခန်းမှာ ပြောခဲ့တဲ့ အကြောင်းရာတွေကို ကြားလိုက်ပုံ၊ ရိပ်မိပုံရသည်။ အင်းလေ။ ဧည့်ခန်းက သူ့ကုတင်အောက်တည့်တည့်မှာဆိုတော့ ပျဉ်ကြားက မကြည့်ရင်တောင် အသံတွေတော့ ကြားနေရသည်လေ။ ကျွန်တော်လည်း ဘယ်ကနေ ဘယ်လိုစပြီး ဖြန်ဖြေရမယ်ဆိုတာတွေ စကား အစန ပျောက်ရှကုန်ပြီ။ အဆောင်ရှေ့ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ခဲ့တုန်းက စဉ်ခဲ့တဲ့ စကားတွေတောင် မေ့ပါရော။

သူ့အပေါ်ထပ်မှာတော့ ထုံးစံအတိုင်းမီးမထွန်းထား။ တိမ်အုံ့သော ညမို့ လရောင်ကလည်း မရှိ။ ထို့ကြောင့် ရှန်တစ်ရဲ့ မျက်နှာကို သဲကွဲစွာ မမြင််ရ။ လှုပ်ရှားသော ကိုယ်သဏ္ဍာန်တွေ ကြည့်ပြီးတော့သာ အကဲခတ်နေရသည်။ အခုတော့ ရှန်တစ်မှာ လဲလျောင်းနေရာမှ ထထိုင်လိုက်ပြီး ...

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now