3

3.2K 398 73
                                    

(Unicode)

"ကျွန်မနဲ့အန်တီက အကြိုက်တူသားနော်"

"အန်တီကလည်းVintageတွေသဘောကျတယ်၊
ကျွန်မလည်းအဲ့လိုမျိုးတွေသိပ်နှစ်သက်တာ"

သူ့ကားနဲ့လိုက်စီးမိပါတယ်။
တစ်ထောင့်တစ်ညပုံပြင်ထက်ဆိုးတဲ့
သူ့စကားတွေကို နားရေဝသည်ထက်ပိုစွာ
နားဆင်နေရသည်။

ဒီချာတိတ်အတော် စကားပြောတာပဲ။

"မင်းပါးစပ်လေးပိတ်ပေးထားရင်ကောင်းမယ်၊
တို့နားညီးလာလို့နော်"

"အန်တီကလည်း စိတ်ကြီးလိုက်တာ၊
ဒါပေါ့လေ အပျိုကြီးတွေကဒီလိုပါပဲ ခစ်ခစ်"

အပျိုကြီးလို့ခေါင်းစဥ်တပ်ပြီး
ဖဲ့ချလိုက်တဲ့ ချာတိတ်ကို ထုရိုက်လိုက်ချင်သည်။

သို့ပေမယ့်
သူကားမောင်းနေလို့ သက်သာသွားတယ်မှတ်။

တခစ်ခစ်နဲ့ရယ်နေတာများ
အဲ့လောက်အထင်သေးရလို့လား...အရူး...

"အန်တီက ကားမမောင်းတတ်ဘူးပေါ့ဟုတ်လား"

စကားမပြောပါနဲ့ဆို
လူကိုမေးခွန်းကထုတ်နေပြန်ပြီ။

ဘယ်လိုမိန်းကလေးလဲမသိ။

"ဟုတ်တယ်...တို့ကားမမောင်းတတ်ဘူး"

ခုနက ကိစ္စကို စိတ်ထဲအခဲမကျေသေးတော့
သူမ ဖြေပုံလေးဟာ ဘုဆတ်ဆတ်လေး...

ဒါကို လီဆာကတော့ကြည့်ပြီး
သဘောကျနေမိတာပေါ့။

လက်နှစ်ဖက်ကိုရင်ဝယ်ပိုက်ပြီး
အောက်နှုတ်ခမ်းကိုကိုက်ထားပုံများ
အခုချက်ချင်း တရားရုံးသွားပြီး
လက်မှတ်ထိုးကာ မိန်းမတော်ပစ်ချင်စရာ...

"အန်တီ့လိုအမျိုးသမီးတစ်ယောက်က
ကားမောင်းဘာလို့မသင်တာလဲဟင်....
ဘာလဲကားမောင်းရမှာကြောက်တာလား"

ဒီမိန်းကလေး
အမေးအမြန်းထူမှန်းမသိခဲ့တာ နောင်တရသည်။

တစ်ခုပြီးတစ်ခုမေးနေတော့တာပဲ။
ဂျန်း ကရောဘာလို့အကုန်လိုက်ဖြေပေးနေတာလဲ။
အို....ရှုပ်ရှုပ်ရှက်ရှက်...သူမေးလို့ဖြေတာပေါ့။
တခြားဘာအကြောင်းမှ မရှိဘူး။

Deĵa Vú (Completed) Where stories live. Discover now