6

3.2K 363 71
                                    

(Unicode)

"လာလီဆာ..နင်ဖင်ဂဏာမငြိမ်နိုင်ဘူးလားဟယ်..
ဘေးကငါကမျက်စိကိုနောက်တယ်"

ကန်တင်းမှာ ထိုင်လိုက်ထလိုက် ဖင်တကြွကြွဖြစ်နေတာ ကြည့်လို့ကမရတော့ဘူး။

"ချယ်ကလည်းဟာ...ငါအန်တီ့ကိုလွမ်းလို့ဟ"

"ဟင်း...နင်ကလည်းအချိန်တိုင်းလွမ်းနေလိုက်"

ဘယ်သူဘယ်ဝါမှန်း ချယ် သေချာမသိပေမယ့်
အတော်တော့ လှတဲ့အလှတရားမှန်းတော့ ခန့်မှန်းမိသည်။

ဘာကြောင့်ဆို ချယ့်သူငယ်ချင်း လီဆာက
တခါမှ မချစ်တတ်တဲ့သူလေ။

"ငါ..ငါအန်တီ့ကိုသွားတွေ့လိုက်ရင်ကောင်းမလား"

ထိုင်ခုံမှာလည်း ဖင်ထိအောင်မထိုင်နိုင်တဲ့
သူ့အဖြစ်ကိုကြည့်ပြီး စိတ်ဆင်းရဲသည်။

"နင်အတန်းထပ်ပျက်ရင် ကျောင်းထုတ်ခံရမှာနော်"

ချယ့် စကားကြောင့် စိတ်ပျက်ပျက်နဲ့ စားပွဲခင်းကိုပဲ
ကြည့်နေမိသည်။

အတန်းမတက်တာတွေ များလွန်းတော့ ကျောင်းက
နောက်ဆိုထုတ်ပစ်မယ်လုပ်နေတာ...

ကျောင်းထုတ်ခံရရင် အားယားသွားမှာက ပျော်စရာကောင်းပေမယ့် မာမီသာသိသွားရင် ဂျပန်ကိုပြန်ခေါ်မှာ။

"ဟူး...."

ခေါင်းငိုက်စိုက်ကျပြီး ဆွေးလွန်းနေတဲ့ သူ့ပုံစံကို
ချယ် ပထမဆုံးတွေ့ဖူးခြင်း။

အမြဲတက်ကြွနေတဲ့ လီဆာက ဒီလိုကျ မှိုင်နေတာများ
လင်းတ ကြီးကျလို့။

စိတ်ထဲမှာ သူ့အတင်းချရင်း ကြိတ်ခွီမိတာ အပြစ်လားနော်။

"ငါအတန်းပြီးရင်တော့ အန်တီ့ကိုသွားတွေ့မယ်"

"သွားပေါ့နင့်သဘောလေ"

"ချယ်......နင်လိုက်ခဲ့ပါလား"

"အမ်..ငါအလုပ်တွေရှိသေးတယ်မအားဘူး"

"နင်ကလည်းဟာ အဲ့အလုပ်တွေ ဘေးချိတ်ထားစမ်းပါ၊ ငါနဲ့လိုက်ခဲ့ပေးလေနော်"

"အေးအေးဆေးဆေး နှစ်ယောက်တည်းတွေ့စမ်းပါ"

"ငါတခါမှ အန်တီ့အိမ်ထဲမဝင်ဖူးဘူးဟ..ခြံထဲပဲရောက်ဖူးတာ.."

Deĵa Vú (Completed) Where stories live. Discover now