52

2.9K 306 46
                                    

Unicode

"ကားမပါလာဘူးမလား"

ဆိုဂျူကို နှစ်ယောက်ပေါင်းပီး ဆယ်ပုလင်းကျော်လောက် သောက်ပီးသွားတဲ့အချိန်မှာတော့
ပိုက်ဆံရှင်းပီး ထွက်လာခဲ့တော့သည်။

ကျွန်မက ပုံမှန်အတိုင်းဖြစ်နေသော်လည်း
မောင်ကတော့ ရီဝေဝေနဲ့မူးနေပုံရသည်။

"အွန်း....ကျွန်မကားမယူလာမိဘူး"

"ဒါဆို တို့ပဲလိုက်ပို့ပေးမယ်လေ"

စကားကိုအမြန်ပြောသွားရင်း ခပ်လှမ်းလှမ်းမှာ
ရပ်ထားတဲ့ ကားအနက်ရောင်ရှိရာဆီ
ကင်မ်က လျှောက်လှမ်းသွားသည်။

မောင်ကတော့ တစ်ယောက်တည်းခပ်ပြုံးပြုံး။
ဘာလို့ပြုံးလဲဆို "ငါ" လို့မသုံးတော့ပဲ "တို့"လို့
ပြန်လည်သုံးနှုန်းတဲ့ ကင်မ့်ကြောင့်ပဲပေါ့။

"မတွေ့ဖြစ်တာကြာတော့ ပိုလှလာတယ်"

ကားမောင်း စသင်ကတည်းက ကျွန်မဘာအမှားမှမလုပ်ခဲ့ဖူးသေးဘူး။ ထက်မြတ်ပါးနပ်တဲ့သူမို့လည်း
ခဏလေးနဲ့ တတ်ခဲ့တာလေ။

အခုများတော့ ဘေးမှာထိုင်နေသော
မောင့်စကားကြောင့် ဘရိတ်နဲ့လီဗာမှားနင်းမိနေသည်။
တော်ပီ မောင်ရယ်....မောင်နဲ့ဒီ့ထက်နီးစပ်သွားရင်
ကျွန်မတို့နှစ်ယောက်လုံးများ တခုခုဖြစ်သွားမလား။

"ကျေးဇူးတင်ပါတယ်"

"နောက်ပီး ကင်မ်မောင်းတဲ့ကားကို မောင်ဒီတစ်သက်စီးရလိမ့်မယ်လို့ မတွေးထားမိဘူး"

မောင်က ပြောရင်းနှင့် ရယ်နေသည်။
နားထောင်ကောင်းလွန်းပါသည်။
ကမ္ဘာကျော် တေးသွားတွေထက်တောင်
သာလွန်ပီး မောင့်ရယ်သံဟာ ချိုမြသည်။

"မောင်လို့သုံးလိုက်တာလား"

"ဟုတ်တယ်လေ....ဒါလေးတော့ခွင့်လွတ်ပေး၊
အဲ့လိုလေးပြောလိုက်ရမှ စိတ်ထဲကျေနပ်သွားမှာမို့"

"တို့လည်းဘာမှမပြောရသေးပါဘူး"

မောင့်ကို ကျွန်မထပ်ပီးမပိတ်ပင်ချင်ပါ။
ဒဏ်ရာတွေပဲပေးခဲ့တဲ့သူမို့ ဒီလောက်တော့
ခွင့်ပြုပေးသင့်တယ်မလား။

Deĵa Vú (Completed) Where stories live. Discover now