35

2K 242 49
                                    

Unicode

ဂျီဂျီက ချယ်ယောင်းကို ကုန်တိုက်ကိုခေါ်လာခဲ့သည်။

လိုအပ်တာတွေရော လိုချင်တာတွေရော
အကုန်ဝယ်ပေးချင်လို့တဲ့...

အားမနာတမ်းစိတ်ကြိုက်ရွေးပါတဲ့လေ။
ဘယ်လိုစိတ်နဲ့ အားမနာနိုင်ပါ့မလဲ....

အခုဝယ်ပေးနေသမျှကလည်း
ဂျီဂျီကိုယ်တိုင်ရွေးနေတာတွေဖြစ်ပီး
စျေးကြီးတဲ့ Brand တွေကြီးပဲ။

မယူပါဘူး...မလိုပါဘူးဆိုလည်း
ဂျီဂျီက ဇွတ်။

အတင်းတွေဝယ်ပေးနေတော့တာပဲ။
လက်ထဲမှာကိုင်ရတဲ့အထုပ်တွေပြည့်နေတာတောင်
ဂျီဂျီက ဝယ်ပေးနေတုန်း...

ကောင်တာကို အသစ်ထပ်ယူထားတဲ့
အဝတ်အစားတွေငွေရှင်းဖို့စောင့်နေတုန်း
ဂျီဂျီ့ဆီဖုန်းဝင်လာခဲ့သည်။

အချစ်ဆုံးသူငယ်ချင်းကြီး လီဆာတဲ့လေ။
ချယ်ယောင်း ဘေးနားကနေအသံတောင်
မထွက်ရဲပါ.....

မျက်နှာပူပီး လီဆာ့ကိုကြောက်လို့။

ဂျီဂျီက သူနဲ့အတူကုန်တိုက်လာတာလို့
ပြောလိုက်သည့်အချိန်တော့ ချယ်ယောင်း
ခေါင်းတစ်ခေါင်းလုံး ပူထူသွားတော့တာပဲ။

အကယ်၍များ လာလီဆာသာ သူ့ကိုခေါ်တွေ့ပီး
ဂျီဂျီနဲ့မတွေ့တော့ဖို့ပြောခဲ့ရင် ဘယ်လိုလုပ်မလဲ။

လာလီဆာက
တခါတလေသိပ်အကျင့်ပုတ်တာကို သူသိသည်။

ဂျီဂျီကတော့ ဘာမှမတွေးပဲကို
သူနဲ့ရှိနေပါတယ်လို့ အားရပါးရပြောချတော့တာပဲ။

"ယောင်းငယ်...ဘာထပ်လိုချင်သေးလဲ"

"ရပါပီ ဂျီဂျီရယ်....ပြန်ကြရအောင်လေ"

"ပြန်ချင်ပီလား"

ချယ်ယောင်း ခေါင်းပဲညိတ်ပြလိုက်သည်။
ဂျီဂျီကတော့ သူ့ပါးလေးတစ်ဖက်ကို
ဖွဖွလေးဆွဲလာရင်း ပြုံးကြည့်နေသည်။

ချယ်ယောင်း အသက်ရှူရပ်မတတ်ဖြစ်သွားရသည်။
အပြင်ပန်းမှာသာ ကျောက်စိုင်ကျောက်သားလို
တောင့်ခံထားသော်လည်း ရင်ဘတ်ထဲမှာတော့
ဘောလုံးကွင်းအပတ်တစ်ရာပြေးထားတဲ့လူလို
ရင်ခုန်သံတွေမြန်ရင်း မောဟိုက်နေသည်။

Deĵa Vú (Completed) Where stories live. Discover now