17

2.5K 263 28
                                    

Unicode

"မောင်လေ ကင်မ့်ကိုတစ်နေရာခေါ်သွားချင်တယ်"

ရေခဲမုန့်စားပြီးတဲ့နောက် မောင်ဟာ
ကျွန်မရဲ့ကျနေတဲ့ ဆံပင်တစ်စနှစ်စကို
နားသယ်စပ်နောက် သပ်တင်ပေးပြီးပြောသည်။

"ဘယ်ကိုများလဲ"

"မောင့်မာမီရဲ့လျို့ဝှက်နေရာလေးတဲ့၊
မောင်တော့တခါမှမရောက်ဖူးဘူး၊ ဒါမယ့်
မောင်မာမီ့ကိုဖုန်းဆက်ပြီးလှမ်းမေးထားတာ"

"ဟင်....ဒါဆိုမောင့်မာမီကဘူဆန်သူလား"

"ဟုတ်တယ်လေ...ကင်မ့်လိုပဲ"

မောင်ဟာပြောလည်းပြော
အကျနေထိုးနေသည့် ကျွန်မ မျက်နှာကိုလည်း
သူ့ကျောပြင်နဲ့ကာပေးထားသည်။

"မောင်ရယ်ကျောတွေပူကုန်မယ်"

"ပူပါစေဗျာ....မောင်မမှုဘူး၊
မျက်စိရှေ့မှာ မောင့်ရွှေရင်အေးလေးရှိနေတာကို"

မောင့်ဆီက တီတီတာတာစကားတွေကြားရတိုင်း
ကျွန်မမှာ မျက်အိမ်လေးကိုဟိုပို့ဒီပို့လုပ်ဖြစ်သည်။

အဲ့လိုအချိန်ဆို ဘာကြောင့်ရယ်မသိ
သဘောလည်းကျသလို ရှက်လည်းရှက်သား....

"ဒါနဲ့မောင်ကအဲ့နေရာကိုတခါမှလည်း
မရောက်ဖူးပဲ ဘယ်လိုသွားမလဲ"

"မောင့်ကိုယုံလိုက်ပါဗျာ...မောင်နေရာကို
သေချာစုံစမ်းထားပြီးပြီ"

ယုံကြည်ချက်အပြည့်နဲ့ ပြောနေသော
မောင့်ကြောင့် ဘယ်လိုနေရာများလဲ
စိတ်ဝင်စားလာမိသည်။

ဘူဆန်သူစစ်စစ်ဖြစ်လို့ နေရာအနှံ့ကို
ရောက်ဖူးသည်။

မောင့်မာမီရဲ့
လျို့ဝှက်နေရာလေးဟာဘယ်မှာများဖြစ်မလဲ။

"လိုက်မယ်မလား"

"လိုက်မှာပေါ့..မောင်ရယ်၊ မေးနေစရာလိုလို့လား"

မောင်သာခေါ်လို့ကတော့ အထွန့်မတက်ပဲ
ကျွန်မ ပျော်ပျော်ကြီးလိုက်ချင်ပါသည်။

~~~~~~~

လမ်းတစ်လျှောက် ကားထဲမှာ
FMမှလာနေသည့် သီချင်းသံကလွဲ
တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။

Deĵa Vú (Completed) Where stories live. Discover now