(Unicode)
"ဘယ်အချိန်ထိ အဲ့လိုဆူပုတ်နေမှာလဲမောင်"
ခြံထဲက ကိစ္စကိုမကျေနပ်ပေးပဲ စိတ်ကောက်နေရှာတဲ့မောင်.....
"မောင်..အဲ့လူကိုကြည့်မရတာသိရဲ့သားနဲ့
ဘာလို့အိမ်အလာခံတာလဲကွာ""မောင်ရယ်...မင်းက တို့နားရှိသမျှ
ပုရိသအကုန် ကြည့်မရဖြစ်နေတာပါကွယ်""ဖြစ်ရတာပေါ့...အန်တီကမောင့်ရည်းစားလေ၊
အဲ့တော့သဝန်တိုတာမှားလား"ဒီလိုမျိုး ဆူဆူညံညံတွေ
ဖြစ်လာတော့မယ်ဆိုတာ သိလို့
တမင်ကို အခန်းထဲခေါ်လာလိုက်တာ မှန်သွားတယ်။"မောင့်ကိုပြောပြီးသားပဲလေ...
အကိုနဲ့ကမောင်နှမတွေလိုပါဆို""သူ့ဘက်က အန်တီ့ကိုချစ်နေတာအသိသာကြီး"
"တို့ချစ်တာ..ဟောဒီကမုန်လာဥပဲလေ"
မျက်နှာချင်းဆိုင်ထိုင်နေရာက
မောင့်ဘေးကိုပြောင်းထိုင်ရင်း ပါးလေးကိုဖွဖွနမ်းလိုက်သည်။"တို့ကိုမယုံဘူးလားမောင်"
"နောက်တစ်ဖက်ကိုထပ်နမ်းပေးအုန်း.."
မောင့်စကားကြောင့်
ဂျန်း ဆီကရယ်သံလေးတွေထွက်ကျလာလေသည်။ဘယ်လိုကလေးပါလိမ့်...သူ့ဘက်သူသိပ်ယှက်တဲ့
လိပ်ကလေးပဲ။"နစ်နာစရာတွေပြောနေကြားလား"
မောင့်နဖူးအား လက်ညိုးဖြင့်တွန်းလိုက်တဲ့သူမ။
ပြီးတဲ့နောက်
မတ်တပ်ရပ်ဖို့ပြင်နေစဥ်မှာပဲ
မောင့်လက်ရှည်ရှည်တွေကြောင့်
ပေါင်ပေါ်ကိုအိခနဲ ပြန်ထိုင်ကျလေသည်။"အန်တီမနမ်းရင်...
မောင်ကအသက်ရှူမရအောင် နမ်းပစ်တော့မှာ"အပြောနဲ့အလုပ် ညီစွာပင်
မောင်ဟာ ဂျန်းအား နက်ရှိုင်းစွာ နမ်းရှိုက်ပါတော့သည်။အသက်အရွယ်ကွာခြားမှုကြောင့်
မောင့်လိုသက်လုံအား
မကောင်းပေမယ့်လည်း အရှုံးတော့မပေးပါ။မောင့် လည်တိုင်လှလှကို
သွယ်သိုင်းကာ ပြန်လည်တုန့်ပြန်နေမိစဥ်....
![](https://img.wattpad.com/cover/316934355-288-k293601.jpg)
YOU ARE READING
Deĵa Vú (Completed)
FanfictionDo you get Deĵa Vú..... {Error တခုကြောင့် အပိုင်းတွေက အစဥ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တွေဖြစ်နေပါတယ်ဗျ.. ကျေးဇူးပြုပီး အပိုင်းနံပါတ်လေးတွေသေချာဖတ်ပီး Fic ကိုဖတ်ပေးကြပါအုံးဗျ...} {Error တခုကြောင့် အပိုင်းတွေက အစဉ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တြွေဖ...