12

3.3K 339 54
                                    

(Unicode)

"ဘယ်သူဆက်တာလဲ...လီဆာ"

လီဆာကဖုန်းပြောပြီး ပြန်လာတာမို့
ချယ် မေးလိုက်ခြင်း။

"ဒီတိုင်းပါသူငယ်ချင်းတစ်ယောက်"

"သူငယ်ချင်း...ဘယ်ကသူငယ်ချင်းလဲ"

သူငယ်ချင်းဆိုလည်း
ဘာလို့ချယ့်ရှေ့မှာပဲ မပြောတာလဲ.......
နောက်ပြီးလီဆာ့ရဲ့ အပေါင်းအသင်းတွေကို
ချယ် အတော်များများသိသည်လေ။

လီဆာကချယ့်လိုမဟုတ်။အပေါင်းအသင်းသိပ်များ။
ချယ့်မှာသာသူငယ်ချင်းကသူတစ်ယောက်တည်း။

"နင်သူ့ကိုမသိလောက်ဘူးဟ...."

ဖရဲသီးဖျော်ရည်ကိုပိုက်နဲ့စုပ်သောက်ရင်း
ပြန်ပြောလာတဲ့ လီဆာ့အားကြည့်ကာ
စိတ်ထဲဘဝင်မကျဖြစ်ရသည်။

အကယ်၍များ သူသာအန်တီ့နောက်ကွယ်မှာ
ဖောက်ပြန်နေတာဆိုဘယ်လိုလုပ်ရပါ့....
အန်တီအရမ်းခံစားရမှာသေချာတယ်။
ဒါကြောင့်သိချင်တာတော့သိရအောင်
တခါတည်းမေးဖို့ဆုံးဖြတ်လိုက်သည်။

"သူငယ်ချင်းဆိုတာသေချာရဲ့လား...
နင်နော်...အန်တီ့နောက်ကွယ်မှာ
တခြားတစ်ယောက် ရှိနေတာမျိုးဆို
ငါကိုယ်တိုင်အမှုန့်ကြိတ်မှာ"

လီဆာဟာချယ့်အပြောကို အံ့သြနေဟန်ရှိသည်။
ပိုက်ကိုကိုင်ထားရင်း ချယ့်အားစိုက်ကြည့်နေလေရဲ့။
ပြီးတော့ခွက်ကိုစားပွဲပေါ်ပြန်ချရင်း ရယ်နေပြန်တယ်။

"နင်ဘယ်လ်ိုများ
တွေးလိုက်တာလဲပတ်ချယ်ယောင်းရာ....
ငါကအန်တီ့အပေါ်အဲ့လိုလုပ်မလား၊
တကယ့်သူငယ်ချင်းတွေပါဆို..."

​လီဆာကပေါ့ပေါ့ပါးပါးပဲ ပြောပြီး
ဖုန်းသုံးနေပြန်တယ်.....
ချယ်ကတော့သိပ်မယုံချင်သေးဘူး။

လီဆာကမိန်းကလေးတွေနဲ့ အီစီကလီလုပ်ရတာ
သိပ်သဘောကျတဲ့သူဆိုတာသိနေတာပဲလေ။
အန်တီနဲ့တွေ့ပြီးမှ အချိုးတွေအတော်ပြောင်းလာတာ
ဒါပေမယ့်လည်း ပြန်ပြီးဖောက်နေရင်ရော....

"ငါ့ကိုအဲ့လိုကြည့်မနေနဲ့....
ကျောတောင်ချမ်းလာပြီကွာ...ငါပြန်တော့မယ်"

Deĵa Vú (Completed) Where stories live. Discover now