24

2.1K 255 26
                                    

Unicode

ကော်ဖီ၂ခွက်ကိုမှာပီးသွားတာနဲ့
ချယ်ယောင်းက ဆိုင်အပြင်လေးကိုငေးကြည့်နေသည်။

ဂျူယွန်းကတော့ ခြေတစ်ဖက်ချိတ်ထိုင်ထားရင်း
ချယ်ယောင်းစကားပြောလာချိန်ကို
စောင့်စားနေပုံရသည်။

"အန်တီ့ကို ချယ်တစ်ခုပြမယ် ခဏလေး"

သူမ ဘက်ကိုပြန်လှည့်လာရင်း
ပြုံးပြုံးလေးပြောလာသည့် ချယ်ယောင်းအား
ဂျူယွန်း ခေါင်းလေးပဲအသာညိတ်ပြလိုက်တယ်။

ချယ်ယောင်းကတော့ ဝိတ်တာကိုထပ်ခေါ်ပီး
တိုးတိုးလေးဘာတွေမှာနေလဲမသိ။

မကြာဘူး ရေအပြည့်ထည့်ထားသော
ဖန်ခွက်တစ်ခွက်နဲ့ ထိုဝိတ်တာလေးပြန်ရောက်လာတယ်။

"အခု ချယ်ကိုင်ထားတဲ့ရေပါတဲ့ဖန်ခွက်ကို
ချယ့်အတွက်မကောင်းတဲ့အရာတစ်ခုလို့
အန်တီ့စိတ်ထဲမှတ်ထားပေး"

ဂျူယွန်း စိတ်ဝင်စားသွားသည်။
ဥပဒေကျောင်းသူပီပီ ဘယ်လိုမျိုး
ပညာရှိရှိပြောမလဲ
ပို၍မျှော်လင့်လာမိတယ်။

ချယ်ယောင်းရဲ့ မျက်နှာလေးကတော့
ကြည်လင်အေးမြနေရောပဲ။

ဂျူယွန်း သတိထားမိသလောက်
ပထမဆုံးတွေ့တဲ့အချိန်တုန်းကရော
နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကရော
ချယ်ယောင်း မျက်နှာလေးဟာ
တခုခုကိုပူဆွေးနေသလိုလေးလေ။

အခုတော့ အေးချမ်းလွန်းနေလို့ ဂျူယွန်းတောင်
တအံ့တသြငေးမောနေရသည်။

"ဆက်ပြောလေ...ချယ်ယောင်း....
တို့နားထောင်နေပါတယ်"

ဂျူယွန်းကလည်း အတွေးနယ်ချဲ့
ချယ်ယောင်းကလည်း ခဏတာရပ်သွားလို့
နားထောင်နေကြောင်း ပြောရသေးတယ်။

"ချယ် ဖန်ခွက်ကိုကိုင်ထားတယ်နော်
ဟုတ်တယ်ဟုတ်"

"အွန်း.....မင်းကိုင်ထားတယ်လေ"

"ဒီဖန်ခွက်ရဲ့အလေးချိန်က ကိုင်ထားတဲ့
အချိန်ကြာလေ ပိုနစ်ပီး လေးလာလေပဲ
လက်လည်းပိုညောင်းရတာပေါ့"

"အွန်းပေါ့...အဲ့တာဘာဖြစ်လို့လဲ"

"ဒီဖန်ခွက်က ချယ့်အတွက်မကောင်းတဲ့အရာလို့
မှတ်ခိုင်းထားတယ်လေ....ဆိုလိုရင်းကတော့
ဒီအရာကိုကြာကြာဆုပ်ကိုင်ထားမိလေ
ချယ့်အတွက်မကောင်းလေဖြစ်မှာ.....
အဲ့တာကြောင့် တခါတလေလွှတ်ချပေးလိုက်တာက
ကိုယ့်အတွက်အကောင်းဆုံးပဲ"

Deĵa Vú (Completed) Where stories live. Discover now