5

3.1K 374 65
                                    

(Unicode)

"မင်းလုပ်တာနဲ့ အိမ်ပြန်နောက်ကျတော့မယ်"

နေ့လည်စာလေးအတူစားချင်လို့
အပူကပ်မိပါတယ်။ခေါင်းငြိမ့်တာလည်း အန်တီပဲ။

ဆိုင်ရောက်တဲ့အထိ ပွစိပွစိ မနားတမ်းလွတ်နေတာလည်း မြတ်နိုးရတဲ့အန်တီပဲပေါ့။

"ကျွန်မဗိုက်ဆာလို့ပါ၊ မနက်ကလည်း ဘာမှမစားထားဘူးလေ"

"ဘာလို့မနက်စာမစားလည်း"

"ဒီတိုင်းပါကျွန်မက မနက်စာမစားတာများတယ်"

"အဲ့တာမကောင်းဘူးနော်လာလီဆာ..
ကျန်းမာရေးထိခိုက်လိမ့်မယ်"

"အန်တီကကျွန်မကိုစိတ်ပူလို့လား"

"လဲသေလေ...တို့ကစေတနာနဲ့ပြောရုံသက်သက်"

သူမစကားကြောင့် သူ့မျက်နှာမှာ
ဘီလူးသံပုရာသီးကိုက်ထားတဲ့ ရုပ်နဲ့။

"အဲ့ရုပ်ကဘာဖြစ်တာလဲ"

"ချစ်ရတဲ့အန်တီ့ဆီက ဒီလိုစကားချိုချိုတွေကြားရတော့ အပျော်လွန်သွားတာဖြစ်မယ်"

ချာတိတ်ကလေ တတ်လည်းတတ်နိုင်သည်။
ဂျန်းသူ့ကိုဘယ်လောက်ပဲ ဆိုးရွားတာပြောပြော
ပြုံးပြုံးလေးတုန့်ပြန်တတ်သည်။

ဒါမှမဟုတ်လည်း ပြန်စ,နောက်တတ်သည်။

"ဝေါင်း...ရှယ်ပဲကွာမိုက်တယ်"

ထိုအချိန် မှာထားတဲ့
ထမင်းသုပ်နဲ့ ပဲခေါက်ဆွဲရောက်လာသည်။

အနံ့ကလည်းမွှေး အငွေ့ကလည်းထောင်းထောင်းထ,နေတော့ ဂျန်းတောင်သားရေကျမိသည်။

ချာတိတ်ခေါ်လာတဲ့ဆိုင်က
အရသာတော့ ရှယ်ကောင်းမယ့်ပုံပဲ။

"အန်တီအားရပါးရစားနော်၊
မလောက်ရင်ကျွန်မထပ်ကျွေးမယ်"

"တို့ကိုအဆီတက်အောင်လို့
မင်းကအကြံနဲ့လုပ်ကြံတာလားလီဆာ"

"ဟာပေါက်ကရဗျာ...ဒီဆိုင်ကလက်ရာက
တစ်ခါစားပြီးတစ်သက်စွဲစေတာမျိုးမို့
အန်တီ့ကိုမဝရင် ထပ်မှာလို့ပြောတာပါ"

ဒီကလေးနဲ့တော့လေ...ဘယ်လောက်ထိ
ဗိုက်ဆာနေလည်းမသိဘူး။

ဂျန်း ကိုပြောရင်းနဲ့ကို ပဲခေါက်ဆွဲကို
တူနဲ့တရွတ်ရွတ်မြည်တဲ့အထိ စားနေတာ..

Deĵa Vú (Completed) Where stories live. Discover now