45

2.3K 289 57
                                    

Unicode

မောင့်သတင်းကိုကြားပီး ဘာလုပ်ရမယ်မသိ
ဖြစ်နေတဲ့အချိန် အိမ်ကို အကိုဂျုံအင်
အလုပ်ကိစ္စလမ်းကြုံလို့ဆိုပီး ရောက်လာသည်။

ကျွန်မလည်း အကိုဂျုံအင့်ကို အကျိုးအကြောင်း
သေချာရှင်းပြပီး မောင် ဘယ်ဆေးရုံမှာ
ရှိနေလဲသိချင်ကြောင်း ပြောလိုက်သည်။

အကိုဂျုံအင်ကလည်း ကျွန်မသိချင်တာကိုသိရအောင်
သူ့ရဲ့ ဆေးရုံအုပ်အသိတွေကို ဖုန်းဆက်ပီး
စိတ်ရှည်ရှည်နဲ့မေးပေးရှာသည်။

သိပ်တောင်မကြာလိုက်ပါဘူး။
နှစ်ကြိမ်မြောက်မှာတင် မောင်ဟာဟန်းဂုဆေးရုံမှာ
ရှိနေကြောင်း သိလိုက်ရသည်။

ဆေးရုံကိုသွားနေတဲ့ လမ်းတစ်လျှောက်မှာလည်း
မောင့်အရွယ်နဲ့ ခံစားနေရတဲ့နာကျင်မှုတွေဟာ
မတန်မရာဖြစ်နေကြောင်းတွေ အကိုဂျုံအင်က
ကျွန်မကို ပြောပြနေသည်။

ဒီ့ထက်ပိုပီး နောက်မကျခင်ဖြစ်ဖြစ် မောင့်ဆီကို
ပြန်သွားသင့်တယ်ဆိုတဲ့ စကားကိုတော့
အက်ကြောင်းပေါင်းများစွာထပ်နေအောင်
တိုက်တွန်းနေပါတော့သည်။

"ဒီအထိရောက်လာပီးမှတော့ ဆေးရုံအခန်းထိ
ဝင်တွေ့လိုက်ပါလား ဂျန်း"

ဆေးရုံကားပါကင်မှာ ကားကိုရပ်ထားရင်း
ကျွန်မ မောင့်ကိုသွားတွေ့ရင်ကောင်းမလား၊
အဲ့လိုမဟုတ်ပဲ ဒီတိုင်းပဲအိမ်ပြန်လိုက်ရမလားဆိုပီး
စိတ်ထဲ ဒွိဟဖြစ်နေရပြန်သည်။

"ဆင်းတွေ့လိုက်ပါ၊ မျက်နှာချင်းဆိုင်မတွေ့ရဲရင်တောင် စိတ်ချသွားအောင်တော့ အဝေးကဖြစ်ဖြစ် ကြည့်လာခဲ့လိုက်"

အကိုဂျုံအင်ပြောသလို အဝေးကဖြစ်ဖြစ်တော့
မောင့်ကိုတွေ့သွားသင့်တယ်မလား။  
ကျွန်မကိုယ်တိုင်လည်း မောင့်ကိုလွမ်းနေခဲ့တာလေ။

မောင့်မျက်နှာလေးကိုသာ ပြန်မြင်ခွင့်ရမယ်ဆိုရင်
ကျွန်မ မျက်ရည်တွေရွာသွန်းမိတော့မှာသေချာသည်။

"ဟိုမှာ ရယ်ရီမလား....."

ကျွန်မတစ်ယောက်တည်း အတွေးထဲနစ်နေချိန်
အကိုဂျုံအင့်စကားကြောင့် ဆေးရုံဝင်ပေါက်ကို
လှမ်းကြည့်လိုက်တော့ ညီမလေးဟာ
မူမမှန်တဲ့ ခြေလှမ်းတွေနှင့် ထွက်လာသည်။

Deĵa Vú (Completed) Where stories live. Discover now