19

2.4K 243 20
                                    

Unicode

ဘူဆန်ကပြန်ရောက်တာ သုံးရက်ရှိနေပါပီ။
ကင်မ်နဲ့မောင့်ဆက်ဆံရေးက အင်မတန်
အဆင်ပြေလွန်းနေတဲ့ အနေအထားပဲ။

ဘူဆန်မှာနှစ်ယောက်သား ပိုရင်းနှီးမှုရခဲ့ကြပီး
ဒီရက်တွေထဲ အချစ်တွေပိုခဲ့ကြပြန်သည်။

ပိတ်ရက်ရှားရှားပါးပါးလေးမှာ
ချစ်ရတဲ့ကင်မ့်ဆီသွားလည်ချင်ပေမယ့်
မနက်တည်းက အစောကြီးရောက်လာတဲ့
ချယ်ယောင်းကြောင့် အိမ်မှာပဲနေဖြစ်နေသည်။

ချယ်ယောင်းဒီလိုအလုပ်အားပီး
သူ့ဆီလာတာမျိုးက ရှားတယ်လေ။

"အဲ့တော့ နင်တို့ရဲ့ဘူဆန်ခရီးက တော်တော်လေးမှ
အဆင်ပြေခဲ့တယ်ပေါ့ ဟုတ်လား"

ပိတ်ရက်မို့ သူ့ဆီလာလည်မိတာ
ချယ်ယောင်းအမှားပါ။

ရောက်ကတည်းက သူတို့ရဲ့ခရီးအကြောင်းကို
ထိုင်ပြောနေတာ နားတောင်ကန်းတော့မယ်
နားထောင်နေရလွန်းလို့....

လာလီဆာဆိုသည်မှာ တခါတရံပိုပိုကဲကဲ....

"အဆင်ပြေချက်က ကင်မ်နဲ့ကမ္ဘာသစ်ဆီပါ
ရောက်ခဲ့ကြတာလေ"

အသားကြိတ်နေတဲ့ ချယ်ယောင်းလက်တွေ
ရပ်သွားသည်။ လီဆာပြောတဲ့စကားရဲ့
အဓိပ္ပာယ်ကဘာကိုရည်ညွှန်းလဲ
မသိလောက်တဲ့အထိတော့ မညံ့သေးပါ။

"ဒါဆိုနင်တို့နှစ်ယောက်...."

"ဟီးးးး ဟုတ်တယ်...ငါ ကင်မ်နဲ့ဖြတ်သန်းပီးပီ"

ဘယ်ဘဝကဝဋ်ကြွေးလဲ ပတ်ချယ်ယောင်းရယ်...
သဘောကျနေရတဲ့မိန်းမနဲ့ အချစ်ဆုံးသူငယ်ချင်းက
အတူနေလာတဲ့အကြောင်းကို နားထောင်ပေးနေရတယ်။

ချယ်ယောင်းနေရာမှာ တခြားလူတစ်ယောက်သာဆို
စိတ်မထိန်းနိုင်ပဲ လီဆာ့ကိုဆွဲထိုးမိလောက်သည်။

"နင်နားထောင်နေသေးရဲ့လား"

"ဟင်...အင်း...ငါကြားတယ်လေ၊
နင်ပျော်နေမှာပေါ့ ဟုတ်လား"

ဘာမှမဖြစ်သလို ပြန်ဟန်ဆောင်ပြောရင်း
ဖက်ထုပ်ရွက်ထဲ ခုနကကြိတ်နေတဲ့အသားတွေထည့်လိုက်သည်။

ချယ်ယောင်းလက်ရာ ဖက်ထုပ်ပေါင်းကို
အရမ်းလွမ်းနေတယ်ဆိုတဲ့ လီဆာ့အပြောကြောင့်
ခုလိုပြင်ပေးနေရခြင်း။

Deĵa Vú (Completed) Where stories live. Discover now