20

2.7K 289 29
                                    

Unicode

"ကင်မ်ရောက်နေတာလား"

တံခါးဝကလာတဲ့ မောင့်အသံကြောင့်
ကျွန်မဝမ်းသာစွာနဲ့ ခေါင်းကိုချာခနဲကြည့်ရင်း

"ဟုတ်တယ် မောင်ရယ်...."

ပြုံးရွှင်နေသောမျက်နှာထားနဲ့ဖြေလိုက်တယ်။

ချယ်ယောင်းကတော့
ထိုင်နေရာကချက်ချင်းထလေသည်။

"နင်လည်းရောက်လာပီဆိုတော့ ငါပြန်တော့မယ်"

"အေး...ကင်မ်နဲ့အဖော်ပြုပေးလို့ကျေးဇူး"

ချယ်ယောင်းပခုံးတစ်ဖက်ပေါ် လက်တင်ရင်း
ပြောလာသည့် လီဆာ့အားခေါင်းပဲညိတ်ကာ
တုန့်ပြန်လိုက်သည်။

"လွမ်းနေတာ....."

"တော်ပါ...လွမ်းတယ်ဆိုပီးလာမတွေ့တော့
တို့ကပဲ အရောက်လာရတော့တာပေါ့"

"အိမ်ကိုမမှားပဲရှာနိုင်သားပဲ"

မောင်ဟာပြောပီးသည်နှင့် ကျွန်မပေါင်ပေါ်
ခေါင်းအုံးရင်း ဆိုဖာပေါ်လှဲချလာသည်။

ကျွန်မလည်း မောင့်ပါးတစ်ဖက်အားပွတ်သပ်ပေးနေမိတယ်။

"ရည်းစားအိမ်လောက်တော့ ရှာနိုင်ပါတယ်နော်"

ကျွန်မစကားကို
မောင်က သဘောကျသွားတယ်ထင်ရဲ့။

အတောက်ပဆုံးပြုံးပြနေလေသည်။

"မောင်အခုဘယ်ကပြန်လာတာလဲ"

"သူငယ်ချင်းတစ်ယောက်ကားပျက်လို့သွားခေါ်ပေးတာ ပီးတော့ သူ့တခြားဘော်ဒါတွေနဲ့ချိန်းထားတယ်ဆိုတဲ့ စားသောက်ဆိုင်ကိုပို့ပေးပီး ပြန်လာတာလေ"

မောင့်မှာသူငယ်ချင်းက ချယ်ယောင်းအပြင်
ဘယ်သူတွေရှိနေသေးတာပါလိမ့်။

သေချာတွေးကြည့်ရင် မောင်နဲ့ပတ်သက်ပီး
ကျွန်မမသိသေးတာတွေအများသား။

"သူငယ်ချင်းက ယောကျာ်းလားမိန်းမလား"

"မိန်းကလေးပါ"

"လှလားအဲ့မိန်းကလေးက"

မောင့်မှာမျက်စိရှေ့က သဝန်တိုပီး
ဆူပုတ်နေတဲ့ သက်ရှိလေးကိုချစ်လွန်းလို့
ခံတွင်းထဲသာထည့်ငုံထားလိုက်ချင်သည်။

Deĵa Vú (Completed) Where stories live. Discover now