9

2.9K 340 54
                                    

(Unicode)

စိတ်မကြည်မလင်ဖြစ်နေတာကြောင့်
သက်သာလိုသက်သာငြားဆိုပြီး
Barကိုထွက်လာခဲ့လိုက်တယ်။

အန်တီ့အကြောင်းတွေးလိုက်တိုင်း
ရင်တွေကထိန်းမရအောင်ခုန်သလို
အောင့်သက်သက်ခံစားချက်ကြီးကလည်းတွဲလို့...

ဘာလို့များ လီဆာတို့အကြောင်းကို
ဖုံးကွယ်ထားချင်နေတာလဲနားမလည်တော့ဘူး။

အသက်အရွယ်ဟာဆယ်စုနှစ်နှစ်ခုစာလောက်
ကွာခြားလွန်းနေလို့ပဲလားမသိ.....
တခါတလေညှိယူရတဲ့အပိုင်းတွေ
အတော်လေးများလွန်းနေသည်။

"လီဆာ....."

အရက်ငှဲ့နေရင်း သူငယ်ချင်းကြီး
အသံကိုနားထဲကြားလိုက်ရလို့
ကြည့်လိုက်တော့တကယ့်ကို ချယ် ဖြစ်နေတယ်။

"ဘယ်လိုရောက်လာတာလဲချယ်"

"ဒီအရှေ့ဖြတ်ရင်းနဲ့နင့်ကားကိုတွေ့လို့
ဒီအချိန်ကြီးဘာလုပ်နေတာလဲသိချင်လို့"

ချယ်ပြောမှတွေးမိတယ်။
နေ့ခင်းကြောင်တောင်ကြီးကို
Barမှာထိုင်သောက်နေမိတဲ့လီဆာပါလား...

"ငါစိတ်ရှုပ်လို့..."

"ဘာဖြစ်နေတာလဲလီဆာ...ဘာလဲ
နင့်အန်တီနဲ့အဆင်မပြေတာတခုခုရှိလို့လား"

အသဲအသန်မေးနေရှာတဲ့
ချယ့် အားစောင်းငဲ့ကြည့်ရင်း
ဟက်ခနဲရယ်လိုက်မိသည်။

"နင်အကြားအမြင်ရနေတာလား"

"တကယ်ကြီးလား..ဘာဖြစ်ကြတာလဲ"

"ဒီလိုပါပဲသမီးရည်းစားတွေဆိုတော့
အဆင်မပြေတာလေးတွေရှိတာပေါ့ကွာ"

အရက်အပြင်းကိုရေတောင်မရောနိုင်ပဲ
တစ်ကျိုက်တည်းမော့ချပစ်တဲ့
လီဆာ့အားကြည့်ရင်း ချယ် ကြက်သီးတောင်ထသွားမိသည်။

ဘာတွေဖြစ်ကြလဲမသိပေမယ့်
လီဆာ့ကြည့်ရတာတခုခုကို မကျေနပ်ပဲ ပေါက်ကွဲ
နေမှန်းသိသာတယ်။

ငယ်သူငယ်ချင်းတွေမို့
ဒီလောက်ကတော့အကဲခတ်တတ်ပါတယ်။

"သောက်ရင်လည်းရေရောပြီးသောက်...
မဟုတ်ရင်နင်စောစောဂန့်သွားလိမ့်မယ်"

Deĵa Vú (Completed) Where stories live. Discover now