7

3K 347 43
                                    

(Unicode)

မိုးသားအုံ့အုံ့အောက် အကြည့်ချင်းဆုံကာ
အချစ်မျက်ဝန်းတွေနဲ့ရှုစားနေကြသော
မိန်းကလေးနှစ်ယောက်...

ဒေစီပန်းခင်းထဲက အလှဆုံးထင်ရတဲ့
ဒေစီတစ်ပွင့်ကို ဆူ ခူးယူလိုက်ပြီး
ပထမဆုံးနှာခေါင်းလေးနဲ့ နမ်းရှိုက်လိုက်သည်။

"ဆူ ပန်ပေးမယ်နော် ဂျန်း"

"ပန်ပေးပေါ့လို့ ဆူကလည်း...
သမီးရည်းစားတွေပဲခွင့်တောင်းဖို့လိုလို့လား"

ပြုံးစစလေးနဲ့ ပါးလေးတွေရဲပြီး
ပြန်ပြောနေတဲ့ ချစ်သူလေးကို
ဆူ သိပ်ချစ်ပါသည်။

ဆယ်ကျော်သက်ဘဝမှာ ဖြစ်တည်တဲ့
အချစ်တွေဟာ တိမ်စိုင်လိုပဲလို့လူတွေကဆိုကြတယ်။

ဆူ့အတွက်တော့ သူမကို
တစ်ဘဝလုံးအတွက်ရည်ရွယ်ပြီးချစ်တာ
သေသည်အထိကာကွယ်စောင့်ရှောက်ချင်မိတာ...

"လှလိုက်တာ...ဂျန်းပန်ထားရင်ပိုလှတယ်"

ဂျန်း နားသယ်မှာပန်းပန်ပေးပြီးတိုင်း
ပြောနေကျ သူ့စကားသံ.....

ကြားနေကျပေမယ့် ရိုးအီသွားမှုမရှိ။

"ဆူ...."

"ပြောလေ"

"ဆူ လက်ထပ်ရင်ဂျန်းကိုပဲယူနော်"

"ဆူ့မှာ ဂျန်းတစ်ယောက်ပဲရှိတာကို
အချစ်ကိုပဲမယူလို့ဘယ်သူ့သွားယူရမှာလဲ"

အလှပဆုံး အလိမ်အညာစကားတွေပဲ
ပြောသွားခဲ့တဲ့ သူ့အကြောင်းတွေ
ခေါင်းထဲရောက်လာပြန်ပြီ။

ခြံထဲက ဒေစီဖြူတွေကို
ရေလောင်းနေရင်း အတိတ်ကပုံရိပ်တွေကို
ဘာရယ်မဟုတ် သတိရသွားလို့ဖြစ်မယ်။

"အဲ့တုန်းကငယ်ရွယ်ခဲ့တော့ သူ့အလိမ်အညာတွေကို
သံသယကင်းကင်းနဲ့ယုံကြည်ခဲ့တာ"

တစ်ယောက်တည်းရေရွတ်ရင်း
ရေပိုက်ကို အောက်ပစ်ချကာ
နောက်ကိုအလှည့်...

"အမလေး..."

နောက်တည့်တည့်မှာရပ်နေတဲ့
ချာတိတ်ကိုမြင်ပြီး လူကလန့်ကာ
နောက်ကိုလန်ကျသွားတော့သည်။

သို့ပေမယ့် အဖမ်းတော်တဲ့ချာတ်ိတ်ကြောင့်
ဂျန်း ခါးသိမ်သိမ်ဟာသူ့လက်ထဲမှာ...

Deĵa Vú (Completed) Where stories live. Discover now