8

3.1K 371 77
                                    

(Unicode)

ဒီနေ့တော့ အန်တီ့ကိုတွေ့ဖို့အတွက်
နေထိုင်ရာစံအိမ်တော်ကြီးကိုသွားရအုန်းမည်။

အန်တီနဲ့ရည်းစားတွေ စဖြစ်တည်းက
တခါမှ အန်တီ့ဘက်က လီဆာ့အား
စ၍ဆက်သွယ်လာခြင်းမရှိ။

လီဆာကတော့ လွမ်းလွန်းလို့ မတွေ့ရမနေနိုင်
တစ်နေ့တစ်ကြိမ် ပုံမှန်ဦးခိုက်နေရတာ.....

လီဆာ အန်တီ့ခြံနားမရောက်ခင်
ကားကိုလမ်းဘေးတစ်နေရာချရပ်လိုက်ပြီး
ဝတ်လာတဲ့အညိုရောင်ဂျာကင်ထဲက
လက်ကိုင်ပဝါလေးအားထုတ်လိုက်သည်။

မနေ့က အန်တီချွေးသုတ်ဖို့ပေးထားတဲ့
မိုးပြာရောင်လေးကို ပြန်လာပေးတယ်ဆိုပြီး
ခုတုံးလုပ်ဖို့ လီဆာ တွေးထားသည်လေ။

မဟုတ်ရင် နေ့တိုင်းချောင်းပေါက်မတတ်
လာနေရလားဆိုပြီး ဆူငေါက်အုန်းမှာ...

ခြံတံခါးဟာပွင့်နေတာကြောင့်
လီဆာတန်းဝင်သွားတဲ့အချိန်
ပထမဆုံးမြင်ရတာဟာ ကားအခဲရောင်လေး။

အန်တီ့ကားလည်းမဟုတ်ပါပဲ
ခြံထဲရပ်ထားတာကြောင့် စိတ်ထဲတော့တစ်မျိုးလေး။

"မမကြီးဆီလာလည်တာလား"

အိမ်ထဲဝင်ဖို့ခြေလှမ်းပြင်နေတုန်း
ကျောဘက်ကနေဒါဟီးဆိုတဲ့ကလေးမအသံ
ကြားလိုက်ရတာကြောင့်လှည့်လိုက်ကာ.....

"ဟုတ်တယ်..ဒါဟီး...အန်တီ့ဆီလာတာ"

"မမကြီးက
အကိုဂျုံအင်ရောက်နေလို့စကားပြောနေတယ်"

ဒါဟီးကပြုံးစစနဲ့ပြောနေတာကြောင့်
လီဆာ အလိုအလျောက်
မျက်မှောင်တွေကြုံ့မိလေတယ်။

"ဂျုံအင်ဆိုတာဘယ်သူလဲဒါဟီး..."

"ချာတိတ်...."

ဒါဟီးအားမေးနေတုန်းမှာတင်
သိပ်ချစ်ရတဲ့ အန်တီ့အသံချိုချိုဟာ
နားထဲတိုးဝင်လာတော့သည်။

အန်တီ့ဘက် လှည့်လိုက်တဲ့အချိန်
ဘေးမှာ အတူရှိနေတဲ့ ယောကျာ်းကြောင့်
အခုနက ကြုံ့ထားတဲ့မျက်မှောင်ဟာ
ပိုကျဥ်းမြောင်းနေတော့မှာ အသေအချာ။

အရပ်ကမြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့်
အသားညိုညိုနဲ့ ဒီယောကျာ်းဟာ
အန်တီနဲ့ဘယ်လိုပတ်သက်မှုရှိနေတာလဲ။

Deĵa Vú (Completed) Where stories live. Discover now